ဒီနေ့မနက်မှာတော့ သူကခပ်စောစောလေးနိုးထလာခဲ့သည်။ဘေးနားကနေသူ့ကိုဖက်ပြီးအိပ်မောကျနေတဲ့ ထိုလူကြီးကိုအချိန်ခဏကြာသည်အထိထိုင်ငေးကြည့်နေမိခဲ့ပြီးမှ သူကရေချိုးခန်းထဲဝင်သွားခဲ့ပါတော့သည်။ရေပူလေးစပ်လို့ခပ်သွက်သွက်လေးချိုးပြီးနောက် သူကကော်ဖီခါးခါးလေးတစ်ခွက်ဖျော်ခဲ့ပြီးနောက် လိုက်ကာတွေကိုဖယ်ခွာလိုက်ပြီးမှန်တံခါးကြီးကြီးတွေအနားသွားရပ်နေသည်။ထို့နောက် Hotel ခန်းထဲကနေဆာကူရာမြေရှုခင်းကို တမေ့တမောငေးမောလို့ကြည့်နေမိခဲ့သည်။
ချစ်ရသူရှိတယ်..
ကော်ဖီတစ်ခွက်လည်းရှိတယ်...
အရမ်းလှပနေတဲ့ ရှုခင်းတွေလည်းရှိနေတယ်...ကဲ ဘာလိုသေးလဲနော်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ဟိုးအဝေးကနေလှမ်းမြင်နေရတဲ့ ဂျပန်မြေရဲ့အထင်ကရဖြစ်တဲ့ ဖူဂျီတောင်၊မြို့ပြရဲ့လူနေအိမ်ရူခင်းရယ်၊Hotel ဝန်းထဲကချယ်ရီပင်တွေရဲ့တစ်စိုးတစ်စမြင်နေရတဲ့သစ်ပင်ထိပ်ဖျားအစ ကိုင်းထွက်နေတဲ့ချယ်ရီပန်းတွေနဲ့ နန်းဆောင်အသွင်ယူထားတဲ့ Hotel ရဲ့ကြည့်မျှော်စင်ထိပ်ဖြားအမိုးရယ်..
လှလိုက်တာ...
သူ သဘောကျလိုက်တာ..။"ဒေါက်တာ! "
ခပ်အက်အက်၊သြရှရှအသံနဲ့အတူ
သူ့ခါးကိုရစ်သိုင်းလာတဲ့ တုတ်ခိုင်သန်မာလှတဲ့ ထိုလူကြီးရဲ့လက်မောင်းနှစ်ဖက်၊သူ ခပ်စစလေးပြုံးလိုက်မိသေးသည်။" နိုးလာပြီလား "
" အင်း....."
အင်း လိုပြောနေပြီး ၆ပေ၁လက်မအရပ်ကြီးနဲ့ထိုလူကြီးက ၅ပေ၈လက်မအရပ်ရှိတဲ့သူ့ပုခုံးကိုခေါင်းမှေးတင်လာပြီး မျက်ဝန်းတွေပြန်မှိတ်ချလို့ပြန်အိပ်နေပုံပါပဲ။သူ့မျက်ဝန်းထောင့်ကနေတစ်စွန်းတစ်စမြင်နေရတဲ့ ထိုလူကြီးရဲ့ရှုပ်ပွနေတဲ့ ဆံနွယ်ခပ်လွင့်လွင့်တွေ...အဟား ထိုလူကြီးကတော့လေ။

YOU ARE READING
Army head & Doctor { Completed }
RomanceI will love you until the last breath leaves your body or mine... မင်းဖြစ်စေငါဖြစ်စေ နောက်ဆုံးထွက်သက်ကိုရောက်လာသည်အထိ ငါမင်းကိုချစ်သွားပါ့မယ်... #cover by mayalinkar❣️