~ 5 ~

428 65 8
                                    

'မောင့်အသက် ဘာလုပ်နေလဲ´

ဝင်လာတဲ့စာတိုလေးကိုကြည့်လို့
ဂယောင်ဆူးက အောက်နှုတ်ခမ်းကိုအကြောင်းပြချက်မရှိကိုက်ဆွဲမိလိုက်သေးသည်။ဒီလူကလေ တကယ်ပဲမထင်ရဘူး..ကိုယ်လုပ်နေတဲ့အလုပ်အကိုင်၊ရာထူးကြီးနဲ့မှမလိုက်ဖက် သူ့ကိုဆိုတဲ့ချစ်စကားတွေကနုဖက်ကာကြွရွနေလွန်းသည်။ပြီးတော့လည်း ထိုလူကြီးကထိခိုက်ခံစားလွယ်တဲ့နှလုံးသားတစ်စုံလည်း ရှိနေပြန်သေးတယ်။

ချစ်ရသူအကြောင်းတွေးမိတော့နှုတ်ခမ်းကသူ့အလိုလိုတွန့်ကွေးလို့ပြုံးနေမိခဲ့သည်။ထိုအခါသူ့အရှေ့ကနေဖြတ်သွားနေကျတဲ့ သူနာပြုမလေးတွေကသူ့ကိုလှည့်ကြည့်လှည့်ကြည်နဲ့...ထိုအခါ သူကသူမတို့ဘက်ကိုလှည့်လို့ယောင်ယောင်လေးပြုံးပြလိုက်သည့်အခါ ထိုကောင်မလေးတွေကရှက်ရဲရဲနဲ့ဆံပင်လေးတွေနားနောက်ပို့သူကပို့၊ရှက်ဝဲဝဲခေါင်းညိမ့်ပြလာသူတွေနဲ့ သူမတို့ကဒေါက်တာရှေ့မှာအရှက်ပိုနေကျသည်။သူကလည်း အသိအမှတ်ပြုခေါင်းညိမ့်ပြလို့နေနေပြီးနောက် လက်ထဲဖုန်းကိုစာစရိုက်ရတော့သည်။မဟုတ် စာပြန်တာကြာသွားရင်လည်းသူ့ကလေးကြီးကစိတ်ကောက်နေအုန်းမှာရယ်...

'ဘာမှမလုပ်ဘူး ´

' အဆို မောင့်အသက်က မောင့်ကိုလွမ်းနေပေး ´

' အင်း...ဂရုစိုက်ခဗျား ´

ချစ်သူအဖြစ် တနည်းအားဖြင့်အဖြေပေးပြီးတစ်လအတွင်းမှာပဲ ထိုသူကမစ်ရှင်းအသစ်တစ်ခုစရပြန်သည်။ထိုအခါချစ်သူနဲ့Date ပါမယ်ဆိုနေမှသူ့ကိုမစ်ရှင်းတွေချည်းလာပေးနေတဲ့ ဗိုလ်ချုပ်ကိုလည်း ထိုသူကစိတ်ဆိုးစွာနဲ့ခပ်ရေးရေးဆဲလို့နေပြန်သေးသည်။သူကတော့ထိုလူ့ကိုပြုံးကြည့်နေလို့သာ တတ်နိုင်တယ်၊တစ်ခုခုဆိုသူ့ဘက်မှာမပါရင်၊သူ့ဘက်မှာရှိမနေရင် ထိုလူကသူ့ကိုစိတ်ကောက်တတ်ပါသေးသည်။

ထိုလူ သူ့ကိုစိတ်ကောက်နေမှန်းတစ်ခါတစ်လေဆို သူတကယ်ကိုမသိလိုက်ပါ၊သို့ပေမယ့် သိပ်မကြာဘူး ထိုသူကပဲသူ့ဘာသာသူစိတ်ပြေပြီးသူ့ကိုမချိတင်ကဲရေရွတ်လာသည့်အခါမှ ထိုလူစိတ်ဆိုးနေမှန်းသူသိခဲ့သည်။ထိုအခါမှ သူကထိုလူ့ကို အနမ်းဖွဖွနဲ့ချော့ပေးခဲ့ရပါသေးသည်။ခဗျားကလေ တကယ့်ငချွဲလေးပါဆို...

Army head & Doctor { Completed }Where stories live. Discover now