သူသာမရှိတော့ရင်..
သူသာ ကျွန်တော့်အနားမှာမရှိတော့ရင်..
သူသာ ကျွန်တော်နဲ့အတူတူမိုးကုတ်စက်ဝိုင်းကြီးအောက်မှာ အတူတူရပ်တည်နိုင်မှုမရှိတော့တဲ့အခါ..
သူသာ ကျွန်တော့်ကမ္ဘာငယ်လေးထဲကပျောက်ဆုံးသွားခဲ့ရင်..ကျွန်တော်လည်း သူနဲ့အတူ...
..................................................
VIP လူနာခန်းရှေ့မှာ မသိမသာရော၊သိသိသာသာရော ဖြတ်လျှောက်လို့သွားနေခဲ့ပေမယ့် သူထိုအခန်းထဲသို့ဝင်ရောက်ခဲ့ခြင်းမပြုလုပ်နိုင်ခဲ့ပေ။
ဘယ်အရာတွေကစမှားခဲ့သလဲ..
နားလည်မှုတွေလား၊ဥပက္ခာမှုတွေက အစမှားခဲ့တာလား..ချစ်ခြင်းတရားတွေက မလုံလောက်ခဲ့တာလား၊ဒါမှမဟုတ် တကယ်မချစ်ခဲ့ကျတာလား...ခွဲစိတ်မှုလည်းအောင်မြင်ခဲ့တယ်၊
ထို့အပြင် ထို့နေညနေမှာပဲ
ပတ်ချန်းယောလ်တပ်စုအဖွဲ့ထဲမှ တပ်သားတစ်ဦးက သူ့ကိုလူကိုယ်တိုင်နှုတ်ဆက်စကားလာပြောခဲ့သည်။ပြီးတော့ ပတ်ချန်းယောလ်နဲ့သူနဲ့အကြားပြတ်စဲသွားတဲ့အကြောင်းကိုလည်းသိနေပုံနှင့် သူ့အားမဆိုင်တဲ့စကားအချို့ပြောသွားခဲ့သေးသည်။သူတို့ကရိုးရိုးတပ်သားတွေမဟုတ်ဘဲ
အထူးထရိန်နင်းပေးထားတဲ့ နိုင်ငံရဲ့လျှို့ဝှက်တပ်သားတွေဖြစ်ကြောင်းရယ်၊သူတို့က ချမှတ်လာတဲ့မစ်ရှင်းကိုသွားရမယ့်နေရာရောက်မှသိတယ်ဆိုတာရယ်၊ထို့အပြင် မစ်ရှင်းကျရာနေရာရောက်ပြန်တော့လည်း ညွှန်ကြားသူတွေက သူတို့ကိုပြင်ပနဲ့အဆက်အသွယ်ပြုလုပ်ဖို့မပြောနဲ့ ရောက်တာနဲ့ဖုန်းကိုသုံးခွင့်မပြုတော့ကြောင်းရယ်၊ပြီးတော့သူတို့ရဲ့ကပ်ပတိန်ကို ဒေါက်တာကနားလည်မှုလေးများများပေးပါလို့ ပညာရှိနည်းနဲ့နားသွင်းလာခဲ့သည်။အခြေအနေနဲ့အကြောင်းအရင်းအချို့ကိုသူကိုယ်တိုင်အေးအေးဆေးဆေးသုံးသပ်ခဲ့ပြီးနောက် သူတို့ဖြစ်နေတဲ့အခြေအနေအကြောင်းအရာကိုနားလည်လက်ခံခဲ့ပေမယ့် ထိုလူကြီး..အင်း ပတ်ချန်းယောလ်ကိုတော့ဖြင့် သူကအရင်စခေါ်ဖို့ သူမဝံ့မရဲစိတ်နဲ့ သူမလုပ်ဆောင်နိုင်ခဲ့ဘူး။
YOU ARE READING
Army head & Doctor { Completed }
Roman d'amourI will love you until the last breath leaves your body or mine... မင်းဖြစ်စေငါဖြစ်စေ နောက်ဆုံးထွက်သက်ကိုရောက်လာသည်အထိ ငါမင်းကိုချစ်သွားပါ့မယ်... #cover by mayalinkar❣️