~ 8 ~

404 61 30
                                    

" ဒေါက်တာ ကိုယ်ရောက်နေပြီ! "

" အင်းအင်း လာနေပြီနော် "

သူ့ရဲ့အားလပ်ရက်လေးမှာချစ်ရသူဒေါက်တာနဲ့ နေ့လည်စာအတူလာစားခြင်းဖြစ်သည်။နေရာကတော့ဆေးရုံကန်တင်းပေါ့လေ၊ဒေါက်တာအလာကိုစောင့်နေရင်း သူကဒေါက်တာအတွက်ဟင်းအချို့ကိုမှာထားပေးပြီးထိုင်စောင့်နေခြင်းဖြစ်သည်။

သိပ်မကြာဘူး ပြေးလာတဲ့ခြေသံအချို့ရယ်၊သူ့အရှေ့ကခုံကို ဆတ်ကနဲဆွဲယူလိုက်ပြီးဝင်ထိုင်လာတဲ့ဒေါက်တာ...

" စောင့်နေရတာ ကြာသွားပြီလား!ဆောရီးဗျာ ကြည့်စရာလူနာလေးလက်ကျန်ဖြတ်နေလို့ရယ်"

" ရပါတယ် ကိုယ်စောင့်နိုင်ပါတယ်"

" အင်း..."

ထို့နောက်လာချပေးသောပူပူနွေးနွေးဟင်းအချို့နဲ့ထမင်းပန်းကန်ကိုဒေါက်တာရှေ့ချပေးလိုက်သည်။ပြီးနောက်ရေတစ်ခွက်ကိုပါထည့်ပေးပြီး ဘေးနားမှာအဆင့်သင့်ထားစေသည်။သူလုပ်သမျှကို ဒေါက်တာကပြုံးပြုံးလေးငေးကြည့်နေပြန်သည်။

" ကျေးဇူးပါ ကောင်းကောင်းစားပါ့မယ်! "

" အင်း ကိုယ်လည်းကောင်းကောင်းစားပါ့မယ်"

နေ့လည်စာအတူစားနေရင်း
သူရဲ့အားလပ်ရက်တွေမှာ ဒေါက်တာကိုအကြိုအပို့လုပ်ပေးမယ်ဆိုတဲ့အကြောင်းရယ်၊ဒေါက်တာအိမ်မှာညစာအတူတူစားချင်တယ်ဆိုတဲ့အကြောင်းရယ် စသဖြင့်သူကချစ်သူဆိုင်ရာအခွင့်အရေးအချို့ကိုတောင်းဆိုလာတဲ့အခါ ဒေါက်တာကသူပြောသမျှကို အိုကေ..တဲ့လေ။

ဒေါက်တာက သိပ်ချစ်ဖို့ကောင်းတယ်။

ညနေဂျူတီအပြီးအပြင်ထွက်လာမယ့် ဒေါက်တာကို သူကရပ်စောင့်နေရင်းဒေါက်တာလာမယ့်လမ်းကို သူကငေးကြည့်နေမိလျက်သား။အချိန်တစ်ခုကုန်ဆုံးပြီးသည့်နောက် ဒေါက်တာကသူ့အနားကိုရောက်ရှိလာတော့သည်။ဒေါက်တာထိုင်ဖို့ကားတံခါးဖွင့်ပေးပြီးမှသူကမောင်းသူနေရာမှာ ဝင်ထိုင်လေသည်။

" အကြာကြီးစောင့်နေရပြန်ပြီလား ခဗျားကို အားနာလိုက်တာ! "

" အားနာရင် အနမ်းပေးလို့ရပါတယ်ဗျာ! "

" ခဗျားနော်! "

Army head & Doctor { Completed }Where stories live. Discover now