လူနာအခန်းလေးထဲမှ အလျှိုလျှို၊အသီးသီး၊ပြုံးစိစိနဲ့ထွက်သွားကျသော လူတွေ၊ထို့နောက်ပိတ်ကာသွားတဲ့ တံခါးလေးကိုသေချာအောင်တစ်ချက်ပြန်ကြည့်လိုက်ပြီးမှ သူက...
" ပတ်ချန်းယောလ် ခဗျား!!! "
" ကိုယ် ဒေါက်တာကိုချစ်လို့ပါ "
" အဟမ်း! ဒါပေမယ့် ခဗျားကျွန်တော်နဲ့အရင်တိုင်ပင်သင့်တယ်လေ အခုက..."
" ဒေါက်တာက ကိုယ့်ကိုရှောင်နေတာလေ၊ကိုယ် ဘယ်လိုပြောရမှာလဲ "
" ဒါပေမယ့် ခဗျားကျွန်တော့်ကို..."
" ကိုယ် ဒေါက်တာကိုမခွဲနိုင်လို့ပါ!
ဒေါက်တာကိုယ့်အနားမှာမရှိရင် ကိုယ်အသက်ဆက်ရှင်နေလည်း အလကားပဲ၊ကိုယ်က ဒေါက်တာမရှိရင် တကယ်အဆင်မပြေဘူး၊ပြီးတော့ ဒီရက်တွေထဲ ကိုယ်တကယ်ရူးသွားတော့မလို့"" ခဗျား..စကားအရမ်း..
တတ်လွန်းတယ် "" ကိုယ့်ကို ထပ်ပြီးစိတ်မဆိုးပါနဲ့တော့နော်၊ကိုယ်တကယ်မခံစားနိုင်လို့ပါ၊ပြီးတော့ ကိုယ်ဒေါက်တာကို စိတ်ရင်းနဲ့တောင်းပန်ပါတယ် "
" အင်း..ကျွန်တော်လည်း စိတ်တိုမိပြီး ခဗျားကို..အဲ ကိုကို့ကို လက်လွတ်စပယ်ပြောခဲ့မိတာတွေကို လည်းတောင်းပန်ပါတယ် "
...................................................
ဆေးရုံမဆင်းသေးသည့် ကျန်သည့်နေ့ရက်များမှာလည်း လူနာပတ်ချန်းယောလ်က ကိုယ်ပိုင်ဒေါက်တာကိုVIP အခန်းထဲခေါ်သွင်းထားပြီး အဆင်ကိုပြေနေချက်ပဲ...ဆေးရုံဆင်းသွားတော့လည်း သက်ဆိုင်သည့်ဌာနကိုဖြင့် ဆေးခွင့်တိုင်စာပို့ထားပြီး သူ့ရဲ့ကိုယ်ပိုင်ဒေါက်တာအိမ်လေးမှာတော့ အချိန်ပြည့် ချစ်ရသည့်ထိုလူသားလေးကို ဖက်ကပ်တွယ်ပြီးနေနေခဲ့သည်။
ဆေးခွင့်ယူထားသည့်၃လအတွင်း
သူကချစ်ရသူလေးကို ဆေးရုံအကြိုအပို့လုပ်ပေးဖြစ်တယ်၊ချစ်ရသူလေး၏နားရက်များရလာခဲ့ရင် နှစ်ဦးသားအတူလျှောက်လည်ကျသေးသည်။ထို့အတူ အားလပ်ရက်ရှည်များရခဲ့ရင် နှစ်ယောက်သားခရီးတိုလေးတွေ ထွက်ဖြစ်ကျသေးသည်။လိုအပ်နေတဲ့ နားလည်မှုတွေ၊အချစ်တွေ၊သစ္စာတရားတွေကို နှစ်ဦးသားညှိ့ညှိ့နှိုင်းနှိုင်းနဲ့တိုင်ပင်ဆွေးနွေးဖြစ်ခဲ့ကျသည်။ပြီးတော့ သူတို့နှစ်ဦးစလုံးပိုပြီးအရင်ကထက်ရင်းနှီးကျွမ်းဝင်လာကျသည်။တစ်ယောက်နဲ့တစ်ယောက်အကြားမှာလျို့ဝှက်ချက်မရှိရလေအောင်လည်း ဖွင့်ပြောတတ်ကျသေးသည်။
YOU ARE READING
Army head & Doctor { Completed }
RomanceI will love you until the last breath leaves your body or mine... မင်းဖြစ်စေငါဖြစ်စေ နောက်ဆုံးထွက်သက်ကိုရောက်လာသည်အထိ ငါမင်းကိုချစ်သွားပါ့မယ်... #cover by mayalinkar❣️