~ 2 ~

549 84 61
                                    

လူကိုချစ်တယ် ပြောခဲ့တာတွေ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

လူကိုချစ်တယ် ပြောခဲ့တာတွေ..
လူကိုရှယ်ဇွန်းတပ်ပြီး flirt နည်းပေါင်းစုံနဲ့ flirt ခဲ့တာတွေက ဘာတွေလဲဗျာ..တကယ်ပဲ ကျစ်။

" ဒေါက်တာ ဘယ်သူ့ကိုမျှော်နေတာလဲ နော် ဟိဟိ "

" အဟမ်း မမျှော်ပါဘူးဗျ "

"ဟုတ်လို့လား ဒေါက်တာ "

" ဟုတ်..ဟုတ်ပါတယ်ဗျ "

" ဒေါက်တာ ဒါနဲ့လေဒေါက်တာစီလာလာနေကျ ဟိုခပ်ချောချောခပ်မိုက်မိုက်တပ်စုမှူးကြီးမလာတာကြာပြီနော့ "

" အဟမ်း မသိ..မသိဘူးလေ "

" အော်...ဟုတ်ဟုတ် ဒေါက်တာ ဟီး"

တွေ့လား တွေ့လား။
ခဗျား မကောင်းလို့ကျွန်တော့်ကိုဝိုင်းစနေကျပြီ တွေ့လားခဗျားရေ။ခဗျားနေရောကောင်းရဲ့လား..ကျွန်တော့်စီရောက်မလာတာတစ်ပတ်ရှိနေပြီဗျ။ရက်တွက်ထားတာမဟုတ်ပေမယ့် အဟမ်း ဒီအတိုင်း၊ဒီအတိုင်းသိနေတာရယ် အဟွတ်..။ဂျပန်စားသောက်ဆိုင်မှာ ညစာအတူတူစားပြီးချစ်စကားပြောခံခဲ့ရတယ်..ပြီးတော့ပါးပေါ်ကအနမ်းတစ်ပွင့်နဲ့ ချစ်စကားတွေရယ်။အခုတော့ ထိုနေ့ညအတူတူတွေ့ပြီးကတည်းက အခုထိကျွန်တော့်စီ ခဗျားကပေါ်ကိုမလာတော့ဘူး။တွေ့မှ ခဗျားကိုရိုက်ခွဲပစ်အုန်းမယ်..ချစ်တယ်ပြောပြီးအဖြေပြန်မတောင်းတတ်တဲ့လူကြီး ဟွန့်။

.................................................

" ဒေါက်တာရေ ညဂျူတီဝင်ဖို့၁နာရီလိုသေးတယ်ဗျ "

" ဟုတ်အဆို ကျွန်တော်ခေါင်မိုးထပ်မှာ ကော်ဖီသွားသောက်လိုက်အုန်းမယ် ပြီးမှပြန်ဆင်းလာခဲ့မယ်ဗျ "

" ဟုတ်ကဲ့ ဒေါက်တာ"

ဓာတ်လှေကားနဲ့ ခေါင်မိုးထပ်သို့တက်လာခဲ့ပြီးနောက် အပြင်ဘက်ဝရန်တာရောက်တော့ စိတ်ကလန်းဆန်းလို့သွားသည်။ထိုင်စရာခုံလေးရှာပြီးနောက် ဂျူတီကုတ်လေးနဲ့ဒေါက်တာချောချောလေးက ကော်ဖီတစ်ခွက်ကိုလက်တစ်ဖက်ကကိုင်ထားပြီးအေးအေးဆေးဆေးအရသာခံပြီးသောက်နေလေရဲ့..လေတိုက်တိုင်းလွှင့်သွားတဲ့ ဂျူတီကုတ်အဖြူလေးကတလွှင့်လွှင့်နဲ့ထို့အတူ ဒေါက်တာဆံနွယ်လေးတွေက လေယူရာယိမ်းကလို့နေနေသည်။ခပ်လှန်းလှန်းက လူနာတွေရယ်၊လူနာစောင့်ဧည့်သည်တွေရယ်က ဒေါက်တာကို ခိုးခိုးကြည့်နေကျလို့နေကျသေးသည်။ညကောင်းကင်ယံကအလင်းရောင်ဖြဖြရယ် ခေါင်မိုးထပ်မှာထွန်းထားတဲ့ မာကျူရီအလင်းရောင်ကြောင့်ရောထင်တယ် ဒေါက်တာမျက်နှာလေးကအရောင်စုံလေးတွေက ဟိုတစ်စဒီတစ်စနဲ့ သိပ်ကိုမိုက်တဲ့ဒေါက်တာချောချောလေးက အသက်ဝင်နေတဲ့ပန်းချီကားတစ်ချပ်လိုမျိုး...။

Army head & Doctor { Completed }Where stories live. Discover now