Part 1

141K 1.9K 24
                                    


တောဓလေ့ဆိုပေမဲ့ အရင်ခေတ်မဟုတ်ပါဘူးနော်  ဒီဘက်ခေတ်ပါပဲ။ ရှေနေ့ ဆိုပေမဲ့ လူမိုက်ထက် ဆိုးတဲ့ လကျာ်နဲ့  တိမ်မြုပ်နေတဲ့ အလှတရားလေးရဲ့ ဇာတ်လမ်းကနေ  မြန်မာ့ဓလေ့တွေပါ မြိုင်မြိုင်ဆိုင်ဆိုင်ချပြသွားပါမယ်။ မြန်မာဆန်ပေမဲ့  မြန်မာကားမဆန်ရစေဖို့  ကျွန်မတာဝန်သာထားပါရှင် ❤️

Zaw gyi & Uni

🌸

ဧရာဝတီမြစ်ကို မျက်နှာမူလျက် လှေထိပ်ကနေ ထိုင်လာသူက တစ်ခြားမဟုတ် လကျာ်မှိုင်းပင်။ နှင်တုန်းကနှင်မိခဲ့ပေမဲ့  မနေနိုင်သူကပဲနောက်ဆုံးရှိရာအရပ်ကို လိုက်ရတော့တာပေါ့။  အသားဖြူသူမို့ နေရောင်ထိတာနဲ့ အသားကရဲတက်လာတော့သည် ။ တောင်ပေါ်သား အညာမြေကအပူမခံနိုင်လို့ ထွက်ပြေးခဲ့ဖူးပေမဲ့ အခုတော့ရင်ထဲကအလွမ်းမီးက တောင်ပေါ်မှာတောင် ပူလောင်နေရတာမို့ အညာမြေကိုပြန်လာရတော့သည် ။

ဪ အဂ္ဂနိ  မင်းကပဲအနိုင်ပါကွာ  မောင်ကစတွေ့ထဲက လက်နက်ချခဲ့ရတာ.......။

" ဗျို့  ကိုမှိုင်း "

တွေးလက်စက အတွေးကခေါ်သံကြောင့် စိတ်ကူးပျက်သွားရတော့သည်။ သူလှည့်ကြည့်တော့  စက်သမား ကိုဖိုးထောင်ကခေါင်းတကုပ်ကုပ်နဲ့ မို့

" ဘာဖြစ်လို့လဲ  ကိုဖိုးထောင် "

" ဒီလိုဆရာရေ  ကျွန်တော်ခေါ်လာတယ်လို့သာ သိရင် လှသွေးကကျွန်တော့်ကိုသတ်မှဗျ အဲ့တာ.... "

လှသွေးကြွယ်......  လူလေးကလှရဲ့နဲ့  ရွာဇော်မို့ တစ်ရွာလုံးက ကလေးရော၊ခွေးရော ကြောက်ရသည်။ သူအသာရီရင်း ကပ်ကပ်လန်ရန်တွေ့မဲ့မျက်နှာကို စိတ်ကူးကာလှမ်းမြင်နေရတဲ့ စစ်ကိုင်းတောင်ကိုဘက် မျက်နှာပြန်လှည့်လိုက်သည်။

" စိတ်ချ  ဖြစ်သမျအကြောင်းကျွန်တော်ခေါင်းခံမယ်ဗျာ "

တဖြည်းဖြည်းစက်လှေလေးက ကမ်းကပ်တာနဲ့ ဖအေပြန်အလာစောင့်နေတဲ့ ကလေးတွေက ခုန်ပေါက်နေကြတော့သည်။ မန္တလေး စစ်ကိုင်းကို လှေနဲ့အသွားအပြန်လုပ်နေရတဲ့ ဘဝတွေမို့ အသားမဲမဲလေးတွေနဲ့ အဝတ်မပါဘာမပါနဲ့ ရေကူးနေကြတာ တွေ့ရတော့လကျာ်သူ့သားလေးကို သတိရမိသည် ။

ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed } Where stories live. Discover now