Part-6

18.7K 656 24
                                    


🌸

" ကိုမှိုင်း အဲ့တာဘယ်သူလဲ သိလို့လား "

" သိတယ် ခြေနင်းမလေး "

" ဘာကြီး "

" ခြေထောက်ကိုနင်းပြီး ငါ့အာရုံစိုက်မှုကိုရယူသွားတယ် "

" ကြိုက်နေတာလား "

" နိုးနိုး မကြိုက်ဘူး။ ဒါပေမဲ့ မိတ်ဆွေတော့ဖြစ်ချင်တယ်။ သူ့ပုံစံလေးက အကုန်လုံးနဲ့ကွဲထွက်နေတာလေ "

" ခုနကအရိုက်ခံရတာ သူတော်တော်နာမှာ ကျွန်တော်တောင်လန့်တယ် "

" အေးကွာ အဲ့လိုရိုက်မယ်လို့ဘယ်သူကထင်မှာလဲ ဒီခေတ်ကြီးထဲမှာ ရိုက်နှက်တဲ့မိဘတွေရှိတာကို ငါအံသြတယ်။ ပြီးတော့ အပျိုအရွယ်လေးကို ရှက်သွားမလား သိမ်ငယ်မလားမတွေးကြဘူးလားမသိဘူး "

" သူကလဲအကြောတင်းတာကို ရိုက်ခံနေကြလို့သူပြောတာလေ။ ကိုမှိုင်းကို နှုတ်သီးနဲ့ထိုးလို့ လယ်ထဲကခွေးပြေးပြေးရတာကိုများ "

" မိန်းကလေးမို့အလျော့ပေးတာကွ။ စစ်မှန်တဲ့ယောကျာ်းကောင်းက ဘယ်မိန်းကလေးကိုမှ အင်အားသုံးပြီးအနိုင်မကျင့်ဘူး မှတ်ထားငါ့ညီ "

" ဟွန်း သီပေါမှာတုန်းက ညီမဝမ်းကွဲ ၁၂နှစ်သမီးလေးဆီက ကန်းစွန်းဥတောင်းစားတာမကျွေးလို့ ဆေးတံနဲ့ခေါင်းခေါက်ခဲ့ပြီးတော့ "

" ခွေးသား ပြောရင်နားထောင်လိုက် မြစ်ထဲကန်ချခံချင်လား "

" ဟင့်အင်း မောင်းမောင်း "

စစ်ကိုင်းတံတားကနေအပြန် စိတ်တွေမလန်းပေမဲ့​ပြန်လဲမပြန်ချင်ပေ။ ထိုမိန်းကလေးကိုမြင်ထဲက တစ်ခုခုကိုစွဲလမ်းသလို ဖြစ်နေပြီး အာရုံထဲကဖျောက်မရတာသူသာသိသည်။ ဂျွပ်စပ်စပ် အော်ကြောလန် ကိုမှ သူဘာလို့စိတ်ဝင်စားနေလဲမသိ သေချာတာကတော့ မိတ်ဆွေ​တြွေဖစ်အောင်လုပ်ရင်း ထိုမိန်းကလေးကို အမြဲစနောက်ချင်မိတာကအမှန်ပင်။

ရေစက်တွေကဆန်းကျယ်တာမို့ နေရာသာသိတဲ့ အရပ်ကိုသွားရုံနဲ့တင် ထိုမိန်းကလေးနဲ့တွေ့ဆုံခဲ့သည်မဟုတ်လား ။

အိမ်ပြန်ရောက်တာနဲ့ ဘကြီးဆီတန်းဝင်ကာ အကျိုးအကြောင်း ပြောပြရတော့သည် ။ အိပ်ခန်းထဲမှာ တရားထိုင်နေတာကြောင့် တံခါးကိုခေါက်ပြီး အသာဝင်တော့ ဘကြီးက တရားဖြုတ်ပြီး ကြိမ်ခုံမှာဝင်ထိုင်သည်။

ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed } Where stories live. Discover now