Part - 2

41.4K 1K 23
                                    


Part-2

🌸

အချစ်တွေ၊ အလွမ်းတွေက လွန်ခဲ့တဲ့ ၄နှစ် အညာမြေမှာစတယ်။ တောင်ပေါ်သား ကိုအညာသူနဲ့ဖူးစာဆုံမယ်လို့ ဘယ်သူကမှဗေဒင်မဟောထားတော့ နာကျင်စရာတွေများခဲ့ရတာပေါ့။

လွန်ခဲ့သော ၄ နှစ် ........။

" လကျာ်မှိုင်း ဘယ်မှာလဲ အဲ့ကောင် "

"လကျာ်မှိုင်း စဝ်လကျာ်မှိုင်း ငါခေါ်နေရင်မလာဘူးလား "

" တောက်! ဒီကောင်ဟာလေ "

စဝ်မဟော်အိမ်တော်တစ်ခုလုံး ခေါင်းမီးတောက်အောင်ရှာနေကျပေမဲ့ အိမ်ပိုင်ရှင် သခင်လေးကတော့ ခြံထောင့်ကကုက္ကိုပင်ပေါ်ကနေ ဆေးခြောက်ရှုရင်း ကြည့်နေလေရဲ့။ တစ်နေ့တစ်နေ့ အဖေ့ရဲ့ ဆူပူသံတွေကိုခံနိုင်ဖို့ ဒီဆေးခြောက်လေးတွေကပဲ လုပ်ပေးနိုင်မှာမဟုတ်လား။

" သခင်လေး! "

" အစ်ကိုမှိုင်း! အစ်ကိုမှိုင်းရေ "

" ကျွတ်စ် တော်တော်ဒုက္ခပေးတဲ့ဟာတွေပဲ "

လူသုံးယောက်ဖက်လို့ရတဲ့ သစ်ပင်ကြီးရဲ့အကိုင်းဖျားတွေပေါ်ကနေ ပေါ့ပေါ့ပါးပါးဆင်းလာရင်း သောက်လက်ဆ ဖက်ကြမ်းလိပ်ကို လက်ညိုးနဲ့လက်မညပ်ကာ တစ်ချက်ဖွာရှိုက်လိုက်သည်။

ဟင်း ........။
အခုမှပဲစိတ်တွေကြည်သာသလိုရှိသွားတာမို့ ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ အိမ်ထဲဝင်လာတော့သည်။

ဖအေကရှမ်းလူမျိုး၊ မအေကဗမာမို့ အသားဖြူဖြူ ခန္ဓာကိုယ်ဗလတောင့်တောင့်နဲ့ အရပ်ကမြင့်မားကြံခိုင်လှသည်။ ခက်တာက အမြဲမျက်မှောင်ကျုံထားတဲ့ မျက်ခုံးနဲ့ တင်းနေအောင်စိထားတဲ့ အညိုရောင်နှုတ်ခမ်းပါးတွေကြောင့် သူ့ကိုလူတွေက မြင်တာနဲ့ ဝေးဝေးကရှောင်သည်။ နဖူးပေါ်ဝဲကျနေတဲ့ ရှေ့ဆံပင်တွေက ဘယ်တော့မှမဖီးသင်တာမို့ ဘယ်လောက်သပ်တင်တင် ကျကျလာတော့သည်။

" ကဲ ကျွန်တော့်ကိုရှာနေတယ်ဆိုလို့ "

အိမ်ပေါက်ဝမှာ ခါးထောက်ရပ်ကာ ဖေဖေ့ကိုလှမ်းမေးတော့ ဒေါသတကြီးနဲ့ပြေးကာ ထိုးတော့သည်။

ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed } Where stories live. Discover now