Part -16
🌸
သင်္ကြန်အကျနေ့ ဒုတိယရက်မှာ လှသွေးတို့ကမန္တလေးမှာ အကလာပြိုင်တာမို့ လကျာ်လိုက်လာခဲ့တော့သည်။ ဒီမိန်းကလေးမှာ မလုပ်တတ်တာဘာများရှိသေးလဲလို့ ကြံဖန်ဂုဏ်ယူနေရပြန်သေးသည်။ အခုထိအဖြေပြန်မပေးသေးပေမဲ့ သူ့မှာအရူးလို တကောက်ကောက်လိုက်နေမိနေပေမဲ့ လှသွေးကချေမိုးလွန်းလှသည်။
သင်္ကြန်၅ရက်ထပ်တဲ့နှစ်မို့ အကျနေ့မှာတင်ဆုပေးဖို့ စီစဉ်ထားတယ်ဆိုတာနဲ့ ချက်ချင်းရောက်လာခဲ့ကြတာ မဟုတ်လား။ အခုလဲစင်ပေါ်မှာ ကနေတဲ့အမျိုးသမီးကို လက်ပိုက်ကြည့်နေရင်း ရေစိုနေလို့ချမ်းတဲ့စိတ်တောင် ပျောက်သွားရတဲ့အထိ အသိစိတ်လွတ်နေမိတော့သည်။
* ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူကစဉ် ×××× လက်ခုပ်သံ စီးချက်လိုက်မှာလား ××××× ညီညီညာ ညင်းသွဲ့သွဲ့ အတာရေသဘင်ပွဲရက်မှာ ××××× ယှဉ်ပြိုင်ရင်း ကကွက်မျိုးစုံနဲ့ ××××× ဖော်ရွေစွာပင် ဆီးလို့ကြိုနေမယ် လှမ်းလာခဲ့ပေါ့ကွယ် ညစဉ်ရက်ဆက်အတူ ကဗျာနွေဦး တေးသွားအလှနဲ့ကိုလေမျော်နေမယ် ×××× *
ညနေ ၅နာရီခန့်အချိန် မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ နွဲ့နွဲ့နှောင်းနှောင်းကနေတဲ့ သင်္ကြန်မယ်လေးတွေ တန်းစီနေတော့သည်။ တီးလုံးသံအောက်မှာ အဝါနုနုသင်္ကြန်ဆင်ရယ်၊ ပိတောက်ပန်းပန်ထားတဲ့ ဆံနွယ်အရှည်တွေရယ်၊ ရွှေဝါရောင်ပန်းပွှားလည်ဆွဲရယ် ဆင်မြန်းကာ ကနေတဲ့အမျိုးသမီးကို လကျာ်မျက်တောင်မခတ်မိအောင် ဂရုထားကြည့်နေမိတော့သည်။
ဒီအမျိုးသမီးကိုမြတ်နိုးလွန်းလို့၊လှလွန်းလို့မျက်တောင်ခတ်ရင်တောင် စက္ကန်တွေလွတ်ပြီး ဒီပုံရိပ်လေးကွယ်ပျောက်သွားမှာ ကြောက်နေမိတော့သည်။ မြို့တော်ဝန်မဏ္ဍပ်အောက်က ပုရိသတွေက ဒီယိမ်းသမတွေကျမှ ပိုမြူးကြွနေတာမို့ လကျာ်ရင်ထဲ ပူသလိုလောင်သလို အူတိုမိတော့သည်။
စင်အောက်ကနေ ဓာတ်ပုံရိုက်ကာ လူ၁၀ယောက်ကနေတဲ့ထဲကမှ ဒီတစ်ယောက်ကိုသာ သူမလွတ်တမ်းငေးနေမိတော့သည်။ တစ်ခြားမိန်းကလေူတွေကြားရင် သူ့ကိုဝိုင်းရိုက်နိုင်ပေမဲ့မတတ်နိုင် သူ့မျက်လုံးထဲ လှသွေးတစ်ယောက်သာ မြင်သည်မဟုတ်လား။
YOU ARE READING
ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed }
RomanceUnicode and Zaw Gyi Start date- Oct 28 2021 End date - Jan 20 2022 သူဌေးသား လူမိုက် အကြင်နာတရားမရှိ ထင်ရာစိုင်းပြီးမှ မိန်းကလေးတစ်ယောက်ကိုချစ်မိခဲ့ရင် မေတ္တာတွေတနင့်တပိုးပေးနိုင်ပါ့မလား အဖေစိုက်တဲ့ဘိန်းခင်းတွေလိုပဲ မင်းကစွဲမက်စရာဆိုတဲ့ လူမိုက် ချ...