Part- 10
🌸
အမှုအတွက် ရှေ့နေကြီးရယ်၊ မျက်မြင်သက်သေ ဖြစ်တဲ့ လကျာ်ရယ်၊ ကိုမျိုးရယ် သေချာပြင်ဆင်နေကြသည်။ ကိုမိုးဝေက ရဲစခန်းကိုကူးသလန်ခက်နေရတာမို့ စိုင်းပန်နဲ့၂ယောက်သွားကြသည်။ အချုပ်ကနေထောင်ကိုပို့ထားပြီမို့ တရားရုံးမှာ အမှုစစ်မှသာခေါ်လာလိမ့်မည်ပင်။
အလုပ်ရှုပ်နေတုန်း အရီးတင်အေးက ဝင်လာတာမို့
" အရီး လာလေ "
" ကျေးဇူးပါသားရယ် "
" အစ်မကြီး အိမ်မှာ နားနေပါ။ဘာလို့လာတာတုန်း "
" အမှုအတွက်ပြောစရာရှိလို့ပါ "
" ပြောပါ အရီး။လှသွေးဘာပြောသေးလို့လဲ"
" ဘာမှမပြောပါဘူး။ အရီးစိတ်ပူလို့ ဟို ဟိုလေ ဒီအမှုကြောင့် လှသွေးသိက္ခာထိခိုက်မယ်ထင်လို့ ဆက်လုပ်ရမလား မလုပ်ရမလား။ ကျွန်မတွေဝေနေတယ်ရှင် "
" ဗျာ "
" နေ သား ဆရာပြောမယ် "
လကျာ်ဒေါသကထောင်းခနဲထသွားတာမို့ ဆရာက လက်ကာပြကာ
" မတင်အေး ဒီကိစ္စက လှသွေးအပြစ်မဟုတ်ပါဘူး။ ဒါကို့စိတ်ကိုမထိန်းနိုင်တဲ့အပြစ်သားရဲ့အပြစ်ပဲ။ လှသွေးကခံရသူပါ။ သူ့မှာသိက္ခာကျစရာဘာအကြောင်းရှိမှာလဲ "
" ဆရာရယ် လှသွေးက မိဘမရှိတဲ့ကလေးပါ။ အဖက်ဖက်ကချို့ယွင်းနေတဲ့ကြားက အခု.... အခုလိုထပ်ဖြစ်တော့ ဒီကလေးကိုဘယ်သူကလက်ထပ်တော့မလဲ။ ဘဟ်သူက လူတောထဲခေါ်ပါတော့မလဲ။ ဒီကလေး အနှိမ်ခံရတော့မှာ အခုမှ ၂၆နှစ်ပါ။ ရှေ့လျောက်ဘဝကိုအမဲစက်ကြီးနဲ့ ရှင်သန်ရတော့မှာ "
အရီးငိုရင်းပြောတာမို့ လကျာ်သက်ပြင်းတစ်ချက်ချမိသည်။
" အရီး လှသွေးမှာအမဲစက်မရှိဘူး။ အဓမ္မကျင့်မှုမှာ ခံရသူက အဖိနှိပ်ခံစရာအကြောင်းမရှိဘူး ။ မိန်းကလေးတစ်ယောက် အတိုဝတ်သည်ဖြစ်စေ၊ လုံလုံခြုံခြုံဝတ်သည်ဖြစ်စေ ဘယ်လိုအကြောင်းနဲ့ ကိုယ်နဲ့ရော နှုတ်နဲ့ပါ တစ်ဖက်မိန်းကလေးကိုစော်ကားပိုင်ခွင့်မရှိဘူး အရီး။ အဲ့လိုစော်ကားလာပြီဆိုရင် စော်ကားတဲ့လူက ကြီးလေးတဲ့ ပြစ်ဒဏ်ခံက်ုခံရမယ်။ ပြီးတော့ ခံရသူ ဘက်ကိုလဲနှိမ့်ချစရာအကြောင်းမရှိဘူး။ ဖေးမပြီး ကူညီရမဲ့တာဝန် အားလုံးမှာရှိတယ်။ အဲ့လိုမဟုတ်ပဲ ခံရသူဘက်ကို ရိုင်းရိုင်းပြောရရင် ယွလို့ အနေအထိုင်မတတ်လို့ စသဖြင့် ဝေဖန်ပိုင်ခွင့်ဘယ်သူမှာမှမရှိဘူး။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အလျောက် အတွေးအခေါ်တွေကလဲ ပြောင်းလဲနေရမှာပဲ။ လှသွေးကို ဝေဖန်ပုတ်ခတ်တဲ့လူဟာ တရားခံထွန်းနောင်နဲ့ အလိုတူ အလိုပါလို့ပဲ သတ်မှတ်ရမှာပဲ "
YOU ARE READING
ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed }
RomanceUnicode and Zaw Gyi Start date- Oct 28 2021 End date - Jan 20 2022 သူဌေးသား လူမိုက် အကြင်နာတရားမရှိ ထင်ရာစိုင်းပြီးမှ မိန်းကလေးတစ်ယောက်ကိုချစ်မိခဲ့ရင် မေတ္တာတွေတနင့်တပိုးပေးနိုင်ပါ့မလား အဖေစိုက်တဲ့ဘိန်းခင်းတွေလိုပဲ မင်းကစွဲမက်စရာဆိုတဲ့ လူမိုက် ချ...