Part - 18
🌸
မီးဖိုချောင်ထဲ တဒုန်းဒုန်းနဲ့ ခွက်တြွေပုတ်ကျ ငရုတ်ကျပွေ့ ပြုတ်ကျနဲ့ မလုပ်ပါနဲ့တားလဲ တားမရပေ။ လုပ်လဲမလုပ်တတ်ပဲနဲ့ ဟင်းချက်တဲ့နေရာ လာရှုပ်နေတာမို့ လှသွေးစိတ်တွေရှုပ်လာရတော့သည်။ နောက်ဆုံးပစ္စည်းတွေအထိအခိုက် နည်းအောင် လက်ဖက်သုပ်နဲ့ ကြက်ဥပဲကြော်လိုက်ရတော့သည်။ ဒါတောင် ဆီတွေမတရားထည့်တာမို့ ကျောပြင်ကျယ်ကြီးကို စတီးဇွန်းနဲ့ နာနာလေးရိုက်လိုက်တော့သည်။
ဆီတွေကုန်တာ အရီးသိရင် သတ်ခံရနိုင်သည်။" ကိုလကျာ်မှိုင်း တော်ပါတော့ရှင်။ ကျွန်မပစ္စည်းတွေလဲ ကွဲတာများလှပြီ "
" လှသွေးကလဲဗျာ၊ ကိုကကူညီချင်လို့ပါ "
" နေပါတော့ရှင် ကျွန်မပဲလုပ်ပါ့မယ်။ ရှင်ထိုင်ပဲကြည့်နေပါတော့ "
" ကိုနည်းနည်း ခြေချော်လက်ချော်ဖြစ်သွားလို့ပါ ဟဲဟဲ "
သူကအရေးထဲ ပြောင်စပ်စပ်မို့ ခေါင်းရမ်းရင်း ကြက်ဥကြော်လိုက်တော့သည်။ ပြီးတာနဲ့ လက်ဖက်ကို ပုဇွန်ခြောက် အကောင်ကြီးထည့်ကာ နှစ်ပြန်ကြော်၊ ခရမ်းချဉ်သီး၊ ဆီရွှဲနေအောင်ထည့်ကာ သုတ်ပေးလိုက်တော့သည်။ ထမင်းကိုခူးကာ သူ့ရှေ့ချပေးသည့်တိုင် မစားပဲထိုင်ကြည့်နေတာမို့
" ဒီမှာ စားလို့ရပြီနော် "
" စားမယ် လှသွေးရောမစားဘူးလား "
" ကျွန်မပြီးမှစားပါ့မယ်။ ရော့ ဒါက အေးကြည်မနက်ကမှ လာပေးသွားတာ "
" ကျေးဇူးပဲ "
" ရပါတယ် "
လကျာ် ရှမ်းဆန်ပျော့ပျော့လောက်ပဲ စားခဲ့သူမို့ အညာကဆန်ဘယ်လောက် ကောင်းကောင်း သူမစားတတ်ပေ။ လှသွေးတို့ကဆန်အကောင်းစားပေမဲ့ သူ့ပါးစပ်ထဲ မာနေသလိုပင်။
" ရှင် ဒီဆန်မစားတတ်ဘူးလား "
" အဲ့လိုတော့ မဟုတ်ပါဘူး။ စားနေကျမဟုတ်လို့ပါ "
" အဲ့တာဆို လက်ဖတ်သုတ်ပဲ စားလိုက်နော် ။ ထမင်းမစားနဲ့တော့ "
YOU ARE READING
ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed }
RomanceUnicode and Zaw Gyi Start date- Oct 28 2021 End date - Jan 20 2022 သူဌေးသား လူမိုက် အကြင်နာတရားမရှိ ထင်ရာစိုင်းပြီးမှ မိန်းကလေးတစ်ယောက်ကိုချစ်မိခဲ့ရင် မေတ္တာတွေတနင့်တပိုးပေးနိုင်ပါ့မလား အဖေစိုက်တဲ့ဘိန်းခင်းတွေလိုပဲ မင်းကစွဲမက်စရာဆိုတဲ့ လူမိုက် ချ...