Special for Mhine Family ✨Zaw gyi

13.6K 158 16
                                    

ZAW GYI

🌸

" Happy Birthday To you! Happy Birthday to you! Happy Birthday Dear  Lady! Happy Birthday To you "

" ယေးးးး"

* ရွှီး  ဖောင်း ဖောင်း *

ဆူညံနေတဲ့အသံတွေကြောင့် လှသွေးအိပ်နေရာကနေဆတ်ခနဲထထိုင်မိတော့သည်။ ၄ယောက်သားတန်းဆီကာ လှသွေးကိုရယ်ပြီးကြည့်နေကြတာမို့ လှသွေးကြောင်သွားရသည်။ မနက်အစောကြီးထကာ ဘုရားရှိခိုး ဆွမ်းလောင်းပြီးပြန်အိပ်ခဲ့တာမို့ နေ့လည် ၁၁နာရီလောက်တော့ရှိနေလေပြီ။

စိုင်းပန်ကကိတ်မုန့်လေးကိုင်ထားပြီး သားသားနဲ့အိုက်ပန်က မီးပန်းလိုဟာလေးတွေကိုင်ထားတာမို့ ကုတင်ပေါ်စက္ကူစတြွေပန့်ကျဲနေတော့သည်။ လှသွေးစိတ်ထဲ လာပြီးစနေပြန်ပြီပဲထင်ကာ

" ဘာလဲ! လာစမနေနဲ့။ အမှိုက်တွေဖြွပန်ပြီ "

လှသွေးအော်ပြီးပြန်လှဲမလို့လုပ်နေတာမို့ လကျာ်လက်ကနေဆွဲထူကာ

" မွေးနေ့လေ မောင့်လေဒီ၊ ဟက်ပီးဘက်ဒေးလေ ဟာမေ့နေတာလား "

" အဲ့တာဘာလို့လဲ "

" ခက်တော့တာပဲဗျာ ၊ ဒီမောင်က surprise တိုက်နေတာကို ထ ကိတ်မုန့်မီးမှုတ်လိုက် "

" မမ ကျွန်တော်လက်ညောင်းနေပြီနော် "

" ဘာတွေလဲ ငါမသိပါဘူးဆို "

" မျက်စိမှိတ်ဆုတောင်းလိုက် "

လှသွေး မောင်သလိုဆုတောင်းတာကို ဝိုင်းပြီးသေချာကြည့်နေကြတော့သည်။ ဖယောင်တိုင်မီးလေးကိုမှုတ်လိုက်ပြီး ချောကလက်လေးကို စိုင်းပန်ပါးကိုတို့ပစ်လိုက်သည်။

" မမနော်၊ ကျွန်တော် skin care ထားတာကို "

" နင်ကပဲ စကင်ကဲရသေးလား "

" မောင့်လေဒီ အင်္ကျီဝတ်ပြီးဆင်းလာခဲ့၊ မောင်တို့အောက်ကစောင့်နေမယ်"

" အင်း "

မောင်ကအိတ်လေးလက်ထဲထိုးပေးပြီး ပါးကိုဖွဖွကိုင်ကာနှုတ်ခမ်းနဲ့ဖိနမ်းတော့သည်။

" ပျော်ရွှင်စရာမွေးနေ့ပါ ချစ်ဇနီး "

" ပျော်ရွှင်စရာမွေးနေ့ပါ မေမေအချောလေး "

ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed } Where stories live. Discover now