Part-35
🌸
" မှိုင်းဘယ်မှာလဲ "
" အလုပ်ခန်းထဲမှာအစ်မ "
" ဘေးဖယ် "
" အစ်မမသွားပါနဲ့။ ကျွန်တော်တို့ဆေးထည့်ပေးထားပါတယ် ရန်ထပ်ဖြစ်မှာစိုးလို့ "
စိုင်းပန်ကပြောရင်း ခေါင်းငုံ့သွားပေမဲ့ လက်မခံပဲဆေးဘူးကိုင်ကာဝင်ချလာခဲ့တော့သည်။ နံရံထောင့်မှာထိုင်ပြီး ဒူးပေါ်လက်တင်ကာ တစ်ဖက်ကဆေးရှုနေတာမို့ လှသွေးအံကြိတ်မိတော့သည်။
ဒီလူရူးနေတာလား အမှတ်သည်းခြေမရှိတာလားမသိ ဒီလောက်ရန်ဖြစ်ထားရလဲ ဒီဆေးတွေထပ်ရှုနေသေးတာကို အံသြတယ်။ သွေးတွေစိုထိုင်းနေတဲ့ ပတ်တီးကလျော့ရဲနေတာကြောင့် သူဘယ်လောက်နာနေလိုက်မလဲ။ သွေးတွေကမတိတ်သေးတာမို့ သူ့မျက်နှာတောင်အတော်ဖြူစုတ်နေလေပြီ" လက်ပေး "
လှသွေးသူ့ရှေ့ဒူးတုပ်ကာထိုင်ချရင်း ဒူးပေါ်တင်ထားတဲ့လက်ကို ပေါင်ပေါ်အသာတင်ကာပက်တီးဖြည်လိုက်တော့သည်။ အနာရင်းချင်သလိုဖြစ်ပြီး ချုပ်လဲမချုပ်တာကြောင့်သွေးတွေထွက်ကာ ခြောက်တောင်ခြောက်နေတော့သည်။ မြင်ရုံနဲ့တင် လှသွေးရင်တွေတုန်ကာလူကရူးချင်လာမိသည် သူကတော့မနာကျင်သလို လှသွေးကိုမျက်လုံးတွေမှေးဆင်းကာ ကြည့်နေ၏။ အရက်ပြန်ဂွမ်းမှာစွတ်ကာ အသာတို့ရင်းဘေးကသွေးခဲတွေကို ဖယ်ရှားကာ ဒဏ်ရာကိုဖွဖွလေးတို့လိုက်တော့သည်။ သူနာမှာစိုးလို့ လေနဲ့တဖူးဖူးမှုတ်ကာ ဒဏ်ရာကိုဆေးလိုက်တော့တယ် မဟုတ်ရင်ပိုးဝင်ပြီး လက်ဖြတ်ရနိုင်တယ်မဟုတ်လား။ သူပေတေနေနိုင်ပေမဲ့ လှသွေးမနေနိုင်ပါ အဲ့လောက်သွေးမအေးနိုင်ဘူးဆို ပိုမှန်သည်။ ဆရာဝန်ပြစေချင်ပေမဲ့ သူစိတ်မကြည်ရင် ဆရာဝန်ကိုထထိုးမှာစိုးလို့ ဖုန်းနဲ့သာမေးရင်း ကိုယ်တိုင်ဆေးထည့်နေရတော့သည်။ ရေနွေးလေးနဲ့သုတ်ပြီးတာနဲ့ ဆေးနီရည်ထည့်ကာလက်ကို ပက်တီးပြန်စီးပေးလိုက်တော့၏။ သူ့လက်ကလေးတွေက နာလို့တုန်နေပေမဲ့ သူကတော့တစ်ချက်မတွန့်သည့်အပြင် ဆေးရှုမပျက်ပေ။ လှသွေးဆေးဘူးတွေသိမ်းပြီးတာနဲ့ သူ့ဘေးကပွစာကြဲနေတဲ့ ဘိန်းဖြူထုပ်တွေကို ကောက်သိမ်းပြီးသေချာစီပေးလိုက်တော့သည်။
YOU ARE READING
ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed }
RomanceUnicode and Zaw Gyi Start date- Oct 28 2021 End date - Jan 20 2022 သူဌေးသား လူမိုက် အကြင်နာတရားမရှိ ထင်ရာစိုင်းပြီးမှ မိန်းကလေးတစ်ယောက်ကိုချစ်မိခဲ့ရင် မေတ္တာတွေတနင့်တပိုးပေးနိုင်ပါ့မလား အဖေစိုက်တဲ့ဘိန်းခင်းတွေလိုပဲ မင်းကစွဲမက်စရာဆိုတဲ့ လူမိုက် ချ...