Part- 43
🌸
ဘားကခုံအမြင့်မှာထိုင်ရင်း ဆေးလိပ်သောက်ကာဆိုင်ကို လှည့်ပတ်ကြည့်မိသည်။ ဖွင့်တာ၆လအတွင်းမှာ အတော်တိုးတက်တယ်ဆိုရအောင် လာစားကြသူတွေကများပြားလှသည်။ စိုင်းပန်ကိုဦးစီးခိုင်းကာ အနောက်ကသာနေခဲ့ပေမဲ့ ဒီကောင်တွေတော်တယ်ပဲပြောရမည်။ လကျာ်မှိုင်းပါတဲ့ ဘာအလုပ်မှမရှိပဲ မိန်းမထဘီနားခိုစားစရာလား။ Suit အနက်ရောင်ကတောက်ပြောင်နေသလို ရင်ဘတ်ကကြယ်သီးကို၃လုံး ဖြုတ်ထားသည့်အတွက် ကြွက်သားမြောင်းတွေက အပြည့်ပင်။ ဆံပင်ကိုသပ်တင်ထားသည်က အနောက်တိုင်းမင်းသားလိုလိုပင်။ အပေါ်ထပ်အခန်းက သူ့အခန်းမို့လိုက်ကာလှပ်လိုက်တာနဲ့ မှန်တွေကတဆင့်အောက်ကိုမြင်နေရတော့သည်။ ခုံပေါ်ကဆင်းကာ ကားတွေနဲ့ဆော့နေတဲ့သားသားကို ပွေ့ချီလိုက်တော့သည်။
" ခွေးပေါက်လေး ဗိုက်ဆာပြီလား "
" အွန့် မန်းမန်းစားမယ် "
" အိုခေပါ၊ ဟေ့ကောင် ဂဏန်းမာဆလာနဲ့ မလေးရှားထမင်းကြော်ရပြီလားသွားကြည့်ခဲ့ "
" ကိုမှိုင်း ကလေးအတွက်စပ်နေမယ်ထင်တယ် "
" တရုတ်ထမင်းကြော်ပါယူခဲ့၊ အချိုရည်ရောပဲ "
" ဟုတ် "
သားသားကိုသူ့အဖိုးဆီခေါ်သွားမယ်ဆိုပြီး ထွက်လာရာကနေ ဆိုင်ကစာရင်းတွေ လာစစ်နေရတော့သည်။ သားက remote control car တွေကိုကောင်းကောင်းဆော့တတ်ပြီး သူလိုချင်တာလဲကောင်းကောင်းသိနေပြန်သည်။ အင်္ဂလိပ်စာလုံးဆက်တဲ့ကတ်ပြားတွေ၊ အရောင်တွေ၊ အသီးတွေ၊ တိရစ္ဆာန်တွေစသဖြင့်
အင်္ဂလိပ် -မြန်မာတွဲကာ အတော်ပင်ကျွမ်းနေတာမို့ လကျာ်ရီမိသည်။ မလှသွေးသာသူအခုလို Bar ဖွင့်ထားတာသိရင် ပြောမဆုံးမည့်ဖြစ်ခြင်း။ ဒီမိန်းမက လင်ကိုမယုံမကြည်နဲ့ ပန်းရောင်းတာကပါသေး။ လကျာ်အနေနဲ့က စီးပွားရေးလုပ်တာပေမဲ့ barကသာလူကြိုက်အများဆုံးမို့ ဒီအလုပ်ပဲပြန်လည်ရသည်။ မူးယစ်တော့ကင်းတာပေါ့လေ ဒီတစ်ခါပါဆေးထပ်သုံးရင် ဟိုမိန်းမကမြစ်ထဲကန်ချလိမ့်မယ်လေ။" ဖေ့ သစ်ကုလားအုတ်ကဘယ်လိုခေါ်လဲ "
" G i r a f f e. ဂျရှတ်ဖ် "
ESTÁS LEYENDO
ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed }
RomanceUnicode and Zaw Gyi Start date- Oct 28 2021 End date - Jan 20 2022 သူဌေးသား လူမိုက် အကြင်နာတရားမရှိ ထင်ရာစိုင်းပြီးမှ မိန်းကလေးတစ်ယောက်ကိုချစ်မိခဲ့ရင် မေတ္တာတွေတနင့်တပိုးပေးနိုင်ပါ့မလား အဖေစိုက်တဲ့ဘိန်းခင်းတွေလိုပဲ မင်းကစွဲမက်စရာဆိုတဲ့ လူမိုက် ချ...