Part - 19
🌸
" ဤယနေ့ယခု ပြုသော ကုသိုလ်ကြောင့် အတာနှစ်ကူးမှာမွေးဖွားသော ကလေးလေးနှစ်ယောက် ဘဝတစ်လျောက်လုံး သင်္ကြန်ရေလိုပဲ အေးပါစေ။ ပန်းလိုပဲ အေးပါစေ အရှင်ဘုရား "
လှသွေးဘုရားရှိခိုး ဆုတောင်းပြီးတာနဲ့ ကြေးစည်ကိုထုလိုက်တော့သည် ။ ကြေးစည်သံရပ်သွားတာနဲ့ ဘုရားစာအုပ်တွေနဲ့ ပုဝါအညိုလေးကို ဘုရားစင်အောက်နားက စင်လေးပေါ်တင်ကာ ထားလိုက်တော့သည် ။ သောက်တော်ရေလဲရင်း မနက်ကရထားတဲ့ ပိတောက်ပန်းတွေကို ဘုရားအိုးတွေ ၊ နတ်အိုးတွေဝေအောင် ထိုးထားလိုက်တော့သည်။
နှစ်ဆန်းတစ်ရက်မို့ ကင်ပွန်းရည်နဲ့ခေါင်းလျော်ကာ ခန္ဓာကိုယ်ကိုရော၊ အိမ်ကိုပါ သန့်စင်ထားလိုက်တော့သည်။ မနက်ဆွမ်းအစောကြီး ထချက်တာကြောင့် ဟင်းခွက်နဲ့ ဆွမ်းအုပ်ကိုယူကာ အိမ်အောက်ဆင်းလာခဲ့တော့သည်။ ဘုန်းကြီးကျောင်းက ဆရာတော်ဘုရားနဲ့ ကိုယ်ရင်တွေက အခါကြီးရက်ကြီးဆို ဆွမ်းခံကြွတတ်တာမို့ အိမ်အသီးသီးက ခြံရှေ့ထွက်ကာ နေရာယူပြီးဖြစ်တော့သည်။
ခရမ်းနုနုဗြောင်ကို အပေါ်အောက် ဝမ်းဆက်ဝတ်ကာ မခြောက်သေးတဲ့ဆံပင်ရှည်တွေကို ဖြန့်ချထားလိုက်တော့သည်။
" လှသွေး ဘာချက်လဲဝေ့ "
" ငါးသလောက်ပေါင်းနဲ့ ကြက်သားဟင်းချက်တယ် အကြီး။ ပဲကုလားဟင်း အရည်သောက်လေးနဲ့လေ "
" ကောင်းတယ် ကောင်းတယ်။ အကြီးတို့ကတော့ ဝက်သားနဲ့ ပုန်းရည်ကြီးပဲအေ "
" အစ်မကြီးက ကိုကြိုက်တာ ကိုချက်တာမို့လား "
" အဲ့လိုပဲဆိုရမှာပေါ့ ။ ကိုယဉ်လှရယ် "
အကြီးသန်း နဲ့ ရှေ့နေကြီးကစနေကြတာနဲ့ လှသွေးရီကာ ဆွမ်းအုပ်အဖုံးလေးတွေသာ ဖွင့်လိုက်တော့သည်။
" မောင့်အတွက် ရောဘာချက်ထားလဲ "
" အို ရှင်ဘယ်လိုဖြစ်နေလဲ "
ရုတ်တရတ်ကြီး ဘေးနားကပ်ကာ နားနားကပ်ပြောတာကြောင့် ကြက်သီးတွေပါ ဖြန်းခနဲထသွားရသည်။ ပြုံးဖြီးဖြီးနဲ့ အတင်းကပ်တာမို့ ခြေထောက်ကိုအသာနင်းလိုက်တော့သည်။
ESTÁS LEYENDO
ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed }
RomanceUnicode and Zaw Gyi Start date- Oct 28 2021 End date - Jan 20 2022 သူဌေးသား လူမိုက် အကြင်နာတရားမရှိ ထင်ရာစိုင်းပြီးမှ မိန်းကလေးတစ်ယောက်ကိုချစ်မိခဲ့ရင် မေတ္တာတွေတနင့်တပိုးပေးနိုင်ပါ့မလား အဖေစိုက်တဲ့ဘိန်းခင်းတွေလိုပဲ မင်းကစွဲမက်စရာဆိုတဲ့ လူမိုက် ချ...