Extra 3 Unicode

17.8K 638 63
                                    

ပန်းချစ်သူ

🌸

အိပ်ခန်းအကျယ်ကြီးရဲ့ ပြောင်လက်နေသောကြမ်းပြင်မှာ ကျောက်ပြင်နဲ့သနပ်ခါးကိုအားရပါးရ သွေးနေသူတစ်ယောက်ရှိသည်။ ဖြူဖွေးနေတဲ့ကျောပြင်နဲ့ မျက်နှာမှာချွေးတွေထွက်နေသည့်တိုင် မမောမပန်းသွေးကာ အဝါရောင်အနှစ်သနပ်ခါးတွေများများစားစားထွက်လာမှ သွေးတာရပ်တန့်လိုက်တော့သည်။ တစ်ခန်းလုံးကိုသပ်ရပ်ပြီး ရှင်းလင်းနေအောင်ထားထားပေမဲ့ သနပ်ခါးတုန်းတွေကတော့ရှိနေဆဲပင်။ ကျောက်ပြင်ကိုကျွန်းမှန်တင်ခုံပေါ်ပြန်တင်ပြီး  ပုဆိုးကိုတိုတိုပြင်ဝတ်လိုက်သည်။ အပေါ်ဗလာနဲ့ ပုဆိုးတိုတိုကြောင့်အညာသား လူကြမ်းကြီးလို့ထင်နေရင်မှားပါလိမ့်မည်။ အညာသူကိုယူထားတဲ့ အညာသားအတုလေးမောင်မှိုင်းသာဖြစ်၏။

ဝိတ်တုံးနှစ်တုံးကိုယူပြီး လက်နှစ်ဖက်နဲ့ကိုင်ကာဗလထွက်အောင် ဆော့ရင်းလှသွေးကိုစောင့်နေရသည်။ ဒိုက်အခါ ၁၀၀ထိုး၊ ဝိတ်တုံးမပြီးသည့်တိုင် လှသွေးကထွက်မလာသေးတာမို့ ရေချိုးခန်းတံခါးကိုသွားခေါက်ရသည်။

" ဝေ့ ချစ်ဇနီး၊ လေဒီ  ခင်ဗျားရေချိုးတာကြာလှချည်လားဗျာ။ ဝေ့ "

တဒုန်းဒုန်းနဲ့တံခါးကိုထုနေတာ အတော်ကြာမှတာဝါအဖြူလေးပတ်ပြီး ပြုံးစိစိနဲ့ထွက်လာတော့သည်။

" ရှမ်းလေး "

" ဘာရှမ်းလေးလဲ။ ကြာလိုက်တာ ဖျားတော့မှာပဲ "

​ဆူရင်းနဲ့သဘတ်ကိုယူပြီးရေခြောက်အောင် သုတ်ပေးလိုက်သည်။ ဒီမိန်းမက သူမဆူရင်မရဘူး။ နဲနဲလေးတော့ပညာပြမှ ဟင်း။

" ဘာလုပ်နေတာလဲ "

" မောင့်အဝတ်တွေလျော်နေတာလေ။ စခရက်လေးလဲတိုက်နေတာ ဟီးဟီး "

" မလိုပါဘူး၊ ဒီမှာမြင်လား  လက် ခင်ဗျားကိုပြောချင်နေတာကြာပြီ လှသွေးကြွယ်။ နောက်ဆိုအဝတ်မလျော်နဲ့  ကျွန်တော့်ဘာသာလျော်မယ်။ လေဒီ သနပ်ခါးလိမ်းတော့ "

ခပ်တည်တည်နဲ့အဲ့သလို အားရပါးရဆူပြီးနောက်မှာ မှန်တင်ခုံရှေ့ထိုင်ခိုင်းလိုက်တော့သည်။
လှသွေးကသနပ်ခါးတွေမြင်တော့

ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed } Where stories live. Discover now