Part - 20
🌸
ဆွမ်းဦးပုညရှင်စေတီရဲ့ ရင်ပြင်က အေးချမ်းပြီး သန့်ရှင်းလှသည် ။ ရင်ပြင်ကနေကြည့်လျင် ဧရာဝတီမြစ်နဲ့ ထုံးဖြူဖွေးဖွးဘုရားတွေကို တွေ့နေရသည်။ တောင်ပေါ်ဖြစ်တာကြောင့် လေလဲတိုက်သလို နှစ်ဆန်းတစ်ရက်မို့ လူလဲအနည်းငယ်ကြပ်၏။ လှသွေးအမြန်ထွက်လာရတာကြောင့် ပုဝါမပါပဲ တိုက်သမျလေရဲ့ အအေးဓာတ်ကိုခံနေရတော့သည် ။ နေပူရင်လဲ အပူခံ၊ လေတိုက်တော့လဲ လေဒဏ်ခံရနဲ့ ခေါင်းတွေပါမူးလာတော့သည်
" လှသွေး ခေါင်းမူးနေလို့လား"
" အင်း နေပူလို့ "
" အဲ့တာဆို မောင်တို့စောင်းတန်းအရင်သွားမယ် "
" ဘုရားကရော"
" ပြန်လာမှ မောင်နဲ့ဖူးမယ်။ လာ "
လက်ကနေဆွဲကာ လူအုပ်ထဲမညပ်အောင်သတိထားပြီး ခေါ်လာခဲ့တော့သည်။ စောင်းတန်းမှာ လူကကြပ်ပေမဲ့ လူနည်းနည်းရှင်းတဲ့ ဆိုင်ကို ဝင်ကာ ပုဝါတွေသေချာလိုက်ကြည့်မိသည်။
" ပုဝါပြပေးပါ။ "
" ဘယ်ထဲကယူမလဲရှင့် "
" ဈေးကြီးလဲ ဖြစ်တယ်။ အပူဒဏ်လဲခံသလို လှလဲလှတာလေးပေးပါ "
" မှိုင်း ကျွန်မမုန့်စားလိုက်ရင် ခေါင်းမူးပျောက်သွားမှာ"
" အဟွန်း မုန့်ကမုန့်ပဲ။ ဒါလဲယူရမယ် ။ "
" မုန့်စားချင်တယ်လေ "
" မောင်ဝယ်ကျွေးပါ့မယ်နော် ။ အခုပုဝါအရင်ခြုံထား"
ဆိုင်ရှင်ကသဘောကောင်းစွာ သူဂျီးများသမျ တစ်ထည်ပြီးတစ်ထည် သေချာပြနေတော့သည်။ ခရမ်းရင့်ရောင်ပေါ်မှာ ရွှေချည်ထိုးလေးမို့ လကျာ်သဘောကျကာ လှသွေးပုခုံးပေါ်တင်ကြည့်မိသည် ။
အသားညိုညက်ညက်က ဘယ်လိုနေနေလှတာမို့ ဒီပုဝါပဲယူဖို့ စိတ်ကူးလိုက်သည် ။" ဒါလေး ပေးပါ "
" ဘယ်လောက်လဲ အမ "
" ၉၀၀၀ နော် ညီမလေး "
" မလျော့တော့ဘူးလားဟင် "
" ၈၀၀၀ နဲ့ယူနော် "
YOU ARE READING
ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed }
RomanceUnicode and Zaw Gyi Start date- Oct 28 2021 End date - Jan 20 2022 သူဌေးသား လူမိုက် အကြင်နာတရားမရှိ ထင်ရာစိုင်းပြီးမှ မိန်းကလေးတစ်ယောက်ကိုချစ်မိခဲ့ရင် မေတ္တာတွေတနင့်တပိုးပေးနိုင်ပါ့မလား အဖေစိုက်တဲ့ဘိန်းခင်းတွေလိုပဲ မင်းကစွဲမက်စရာဆိုတဲ့ လူမိုက် ချ...