Part 17🌸
" လှသွေး "
" ရှင် "
" ခြေထောက်သက်သာရဲ့လား "
" သက်သာပါတယ် ဘဘ "
" အင်း မနက်ဖြန်မကနဲ့။ နားလိုက်နော် "
" ဟုတ်ကဲ့အကြီး အားနာလိုက်တာ "
" အားမနာပါနဲ့အေ။ ငါ့သမီးကပေးတာကိုပဲ ကျေးဇူးတင်ပါတယ် "
" ဟုတ်ကဲ့ "
" လှသွေး လာ အိပ်ချင်ငါ့ပေါ်အိပ် "
" ရတယ် ငါမအိပ်ချင်ပါဘူး "
ညဘက် ၁၂နာရီကျော် စစ်ကိုင်းဘက်ကို ပြန်တာမို့ တိတ်ဆိတ်နေတော့သည် ။ ငွေငန်းကားကြီးက ထည်ထည်ဝါဝါနဲ့ ပြန်တဲ့အချိန်မို့ လက်တြွေပကာ အော်ဟစ်နှုတ်ဆက်လိုက်တော့သည် ။ light track ကားမို့ လေကတဖြူးဖြူးတိုက်နေကာ ဆံပင်တွေရှုပ်ပွကုန်တော့သည် ။ အကြီးသန်းက လူကြီးမို့ ခေါင်းကိုသဘက်ပတ်ကာ ထိုင်လျက်အိပ်နေတော့သည် ။ ဆရာကြီးကတော့ လမ်းတစ်ဝက်မှာကား ခဏရပ်ခိုင်းတာမို့ ရပ်လိုက်တော့သည် ။ လကျာ်က သူ့ကားနဲ့သူမို့ လှသွေးတို့နဲ့မပါလာပေ ။
စိုင်းပန်တစ်ယောက်ထဲ ကားပေါ်ပါလာကာ မနိုးတမ်းအိပ်နေတာမို့ ဖိုးထောင်က ရေခဲရေနဲ့ပက်ပြီး စနေတော့သည် ။
" ကားခဏ ရပ်ကြရအောင် စက်ကတအားပူနေလို့ "
" ရတယ် ရတယ် ဘဘ "
လကျာ်အနောက်ကကပ်လိုက်လာရင်း ရှေ့ကားကရပ်တာမို့ အိုက်ပန်ကို ကားရပ်ခိုင်းလိုက်တော့သည် ။ ပြီးတာနဲ့ ဆင်းလာကြရင်း
" ဆရာကြီး ဘာဖြစ်လို့လဲ "
" မဖြစ်ဘူး မှိုင်း ကားကစက်နဲနဲပူနေလို့ "
" အော် အကြီးသန်းနဲ့ ဆရာကြီး ကျွန်တော့်ကားပေါ်လာပါ နဲနဲလိုသေးတယ်မဟုတ်လား လူကြီးတွေ သက်သောင့်သက်သာလိုက်ပါ "
အကြီးသန်းက အားရဝမ်းသာနဲ့
" အားနာပေမဲ့ အကြီး လိုက်မယ်နော် အကြီးခါးနာနေပြီ "
YOU ARE READING
ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed }
RomanceUnicode and Zaw Gyi Start date- Oct 28 2021 End date - Jan 20 2022 သူဌေးသား လူမိုက် အကြင်နာတရားမရှိ ထင်ရာစိုင်းပြီးမှ မိန်းကလေးတစ်ယောက်ကိုချစ်မိခဲ့ရင် မေတ္တာတွေတနင့်တပိုးပေးနိုင်ပါ့မလား အဖေစိုက်တဲ့ဘိန်းခင်းတွေလိုပဲ မင်းကစွဲမက်စရာဆိုတဲ့ လူမိုက် ချ...