Part- 4
🌸
" လှသွေး နင်နဲ့ရင်းနှီးတာလား "
" ဟင် "
ကိုဖိုးထောင်က တော်ရုံအနေအေးပြီး လှသွေးကိုညီမအရင်းလိုသဘောထားတဲ့သူဖြစ်သည်။ အခုလိုမေးထဲက သူစိတ်ထဲမတင်မကျဖြစ်နေလို့သာ ပွင့်အံလာတာမှန်း လှသွေးနားလည်သည်။
" မရင်းနှီးဘူး။ ဇာတ်ပွဲကြည့်တဲ့မနက်က သူ့ခြေထောက်ကို ခုံနဲ့နင်းမိလို့ ပြသနာနဲနဲဖြစ်ခဲ့လို့ "
" အော် "
" ယောင်းမရယ် ရှေ့နေ့ကြီးကချောသားဟဲ့ နာမည်ကဘာဆိုလား "
" အေးကြည် မင်းစပ်စပ်စုစုလုပ်ပြန်ပြီ "
" မဟုတ်ပါဘူး ရှင်ကလဲ "
အေးကြည်ကသူ့ယောကျာ်းပြောတော့ မုန့်တွေထုတ်စားပြီး တစ်ဖက်လှည့်သွားသည်။ လှသွေးယောကျာ်းတွေဆို အထင်ကိုမကြီးပါဘူးဆိုမှ ဒီလူကလာလာ နွယ်ချင်သေးသည်။
လက်ျာမှိုင်း ရှင်ကထူးဆန်းတဲ့လူပဲ။" လှသွေး ငါတို့ထမင်းစားနားကြမယ်လေ "
" နားလေ ဘယ်မှာနားမလဲ "
" စစ်ကိုင်းရောက်မှနားမလား ဒီမှာပဲနားမလား "
" ဒီမှာပဲနားလိုက်လေ အေးကြည်လဲ ဗိုက်ဆာနေလောက်ပြီ "
" ခဏ ငါဆိုင်ရှာလိုက်မယ် "
လမ်းဘေးဆိုင်လေးတွေ့တာနဲ့ဆင်းကာ ထမင်းမှာလိုက်တော့သည်။ ထမင်း ၃ပွဲလိုက်ပွဲအပြင် ဆိတ်သားနှပ်နဲ့ ပဲကုလားဟင်းပါမှာတာမို့ အပိုအနေနဲ့ တို့စရာငပိရည်အစုံအလင် လာချပေးတော့သည်။ လှသွေးကအရမ်းမဆင်းရဲပေမဲ့ ကြီးတော်ကောင်းမှုကြောင့် အလုပ်လေးလုပ်ရအပြင်ထွက်ရနဲ့ ကံကောင်းသည်ဟာဆိုနိုင်သည်။
ဘွဲ့ရထားပေမဲ့ လှသွေးက ရွာသူဆိုတော့ဘာမှလဲသိပ်မတတ်တာမို့ အပြင်အလုပ်လဲမလုပ်ရဲပေ။ အဲ့တော့ကြီးတော်ခိုင်းသမျလုပ်ရင်း အချိန်ကုန်နေတတ်၏။ တစ်ခါတစ်လေ ရွာကို ကျန်းမာရေးမှုးတွေလာရင် ဝိုင်းလုပ်ပေးလိုက် ကလေးတွေကိုစာသင်ခိုင်းရင် သင်လိုက်နဲ့ ဟုတ်နေတော့သည်။ ကလေးတွေက စာသင်ပေးရင် သူတို့အိမ်ကမုန့်တွေ၊ပန်းတွေကို လှသွေးအတွက်ဆိုပြီး ယူယူလာတတ်ကြသေးသည်။
အခုကနွေမို့လို့ မိုးရောက်ရင်လှသွေး စပါးစိုက် ပဲစိုက်စိုက်ရဦးမှာတွေးပြီး စိတ်ညစ်ရပြန်သည်။
YOU ARE READING
ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed }
RomanceUnicode and Zaw Gyi Start date- Oct 28 2021 End date - Jan 20 2022 သူဌေးသား လူမိုက် အကြင်နာတရားမရှိ ထင်ရာစိုင်းပြီးမှ မိန်းကလေးတစ်ယောက်ကိုချစ်မိခဲ့ရင် မေတ္တာတွေတနင့်တပိုးပေးနိုင်ပါ့မလား အဖေစိုက်တဲ့ဘိန်းခင်းတွေလိုပဲ မင်းကစွဲမက်စရာဆိုတဲ့ လူမိုက် ချ...