Part- 5
🌸
လကျာ် အင်္ကျီအနက်ရောင် ရှပ်လက်ရှည်ကို တံတောင်ထိတင်ခေါက်ရင်း သပ်ရပ်နေအောင် လက်နဲ့သပ်လိုက်တော့သည်။ ဂျယ်ဘူးအသစ်ကိုဖွင့်ပြီး ဆံပင်တွေကို နောက်လှန်တင်ကာ ဖြီးထားသည်မို့ ရှိရင်းစွဲရုပ်ထပ်ကို ပိုခန့်နေတော့၏။ ပုဆိုးခဲရောင်နဲ့ ကတ္တီပါဖိနပ်ကိုစီးကာ အိမ်အောက်ဆင်းလာပုံကခန့်ခန့်ညားညားမို့ အခုမှ ရှေ့နေ့ပီပီသရှိလေတော့သည်။
လိုအပ်တဲ့စာရွက်စာတမ်းနဲ့ ရှေ့နေ့တွေကိုင်နေကျအိတ်ကိုပါကိုင်ရင်း ဟန်ပါပါနဲ့
" ဘကြီး ကျွန်တော်သွားဦးမယ် "
" အေး သေချာသွား သေချာဖြေကြားလား အခုမှလူရုပ်ပေါက်တော့တယ်ကွာ ကောင်းတယ် အဲ့လိုပဲနေ "
" အဟင်း ဟုတ်ကဲ့ ကျွန်တော် မိုးချုပ်ရင်ချုပ်နိုင်တယ် "
" အေးပါ ဖုန်းဆက်ပေါ့ကွာ ငါ့တူ "
" ဟုတ် ဘကြီး စိုင်းပန်သွားမယ် "
စို၈်းပန်ကိုခေါ်ရင်း အိမ်ထဲကထွက်လာခဲ့တော့သည်။ ဘကြီးရဲ့ကားအသစ်စက်စက် land cruiserကိုကိုင်ကြည့်ရင်း သဘောကျမိသည် ။ ဘကြီးကဝယ်သာဝယ်ထားပြီးမစီးမှတော့ သူကပဲဈေးဦးဖောက်ရမှာပေါ့လေ။ တောက်ပြောင်နေပုံကြည့်ရရင် ဖိုးထူးဆေးထားတာပဲ ဖြစ်လိမ့်မည်။
" ကဲ ဖိုးထူး ဆီအပြည့်ပဲလား "
" အစ်ကိုလေး ဝင်ထည့်ချက်ရင်ထည့်လေ သိပ်မပြည့်ဘူးထင်တာပဲ "
" ဟုတ်လား ငါကြည့်ကြပ်လုပ်လိုက်မယ် "
" ဟုတ် အစ်ကိုလေး ဒီနေ့အရမ်းခန့်တယ်ဗျာ မိုက်တယ် "
လကျာ် ဘဝင်လေဟပ်ရင်း
" အေးကွာ ငါ့ညီ ပြန်မှမုန့်ဝယ်ခဲ့မယ် သွားပြီ "
လကျာ်ကားပေါ်ဟန်ပါပါတက်ရင်း မမောင်းတာကြာတဲ့ကားကို သူလက်တည့်စမ်းချင်နေပြီဖြစ်သည်။
steering ကိုလက်နဲ့ခေါက်ရင်း သူသဘောကျစွာ ရီမိသည်၏။" ကိုမှိုင်း မောင်းလေဗျာ "
" ငါ့မှာကားမမောင်းရတာကြာပေါ့ အဟက် "
YOU ARE READING
ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed }
RomanceUnicode and Zaw Gyi Start date- Oct 28 2021 End date - Jan 20 2022 သူဌေးသား လူမိုက် အကြင်နာတရားမရှိ ထင်ရာစိုင်းပြီးမှ မိန်းကလေးတစ်ယောက်ကိုချစ်မိခဲ့ရင် မေတ္တာတွေတနင့်တပိုးပေးနိုင်ပါ့မလား အဖေစိုက်တဲ့ဘိန်းခင်းတွေလိုပဲ မင်းကစွဲမက်စရာဆိုတဲ့ လူမိုက် ချ...