Part-41

19.5K 802 87
                                    

Part- 41

🌸

လကျာ်အိမ်ပြန်ရောက်ထဲက ထမင်းလဲမစားသလို၊စိတ်လဲမကြည်ပါ။ သားသားကတောင် သူစားတဲ့ဘီစကစ်သေးသေးလေးတွေ လာကျွေးနေတာကိုလှသွေးက မသိချင်ယောင်ဆောင်နေသည်။ စိတ်ဆိုးရင်ထမင်းမစားပဲ၊ လှသွေးလာချော့မှစားတာကို မေ့နေတာများလား။ ဒါပေမဲ့မဖြစ်နိုင် ရုပ်ကငါးပူတင်းလိုဆူပုတ်နေတာ သိသာနေရဲ့သားနဲ့ ထမင်းစားမလားတစ်ခွန်းတောင်မမေးပေ။ သားသားကိုကျ သူ့အဘွားချက်တဲ့ဆိတ်သားဟင်းနဲ့ ပဲကုလားဟင်းကျွေးနေပြီး သူ့ကိုကျလှည့်တောင်မကြည့်ပေ။

" ဟွန့် ယောကျာ်းစိတ်ဆိုးနေလဲ ချော့ရကောင်းမှန်းမသိ။ ထမင်းမစားလဲ တစ်နပ်သက်သာတယ်ဆိုပြီး တမင်လုပ်နေလား မသိဘူး။"

အိမ်ရှေ့ကွပ်ပစ်မှာ ထန်းလျက်ခဲကိုက်လိုက်၊ ရေနွေးသောက်လိုက်နဲ့ အထဲကသားအမိကိုပေကပ်ကပ် ကြည့်နေလိုက်တော့သည်။

လှသွေးသိသားပဲသူတမင်လုပ်နေမှန်း၊ ခါးကိုတောင်လက်နဲ့ညစ်လို့ အခုဆေးတောင်လိမ်းရတယ်မဟုတ်လား။ သူ့စိတ်သူမနိုင်ပဲ လာလာပြီးစမ်းချင်သေးတယ်။ သားသားတောင်ပြောရင်နားထောင်တယ် သူကလူကြီးဖြစ်ပြီး စိတ်ကောက်တယ်ပဲရှိရသေးတယ်။ မစားချင်မှတော့ မကျွေးဘူးပေါ့၊ ဒါသီပေါမှမဟုတ်တာ ဒါစစ်ကိုင်းလေ လှသွေးပိုင်နက်  အတုံ့အလှည့်ဆိုတာရှိတယ်၊ လှသွေးဘက်ကလဲထိုးစစ်ဆင်ရမှာပဲ။

" သားသား စားကောင်းလား။ "

" ကောင်းတယ် "

" အမေ့သားကလိမ်မာတယ်၊ အမေ့ကိုသိတတ်တယ် "

" မေ ဖေဖေကထမင်းမစားဘူးလားမသိဘူးနော် "

သားကပါးဖောင်းလေးနဲ့ ဖအေကိုတော့စိတ်ပူရှာသေးသည်မို့

" မေမသိဘူး။ သားသားသွားမေးကြည့်လေ "

" အွန့် "

လုံးလုံးလေးနဲ့ပြေးသွားကာ ဖအေအနားကပ်ပြီးနားရွက်ကို သွားကိုက်တော့သည်။ သားအဖနှစ်ယောက်လုပ်ချင်တာဆိုပြီး လှသွေးပန်းကန်ဆေးဖို့သာထွက်လာခဲ့တော့သည်။

" ယားတယ်ကွ မကိုက်နဲ့ "

" ဖေ မန်းမန်းမစားဘူးလား "

ချစ်သူ့အပြုံး လပြည့်ဝန်း မောင်သီကုံးကာ ပန်ပါ့မယ် { completed } Where stories live. Discover now