[Part-3]

10K 1K 62
                                    

မနက်မိုးလင်း၌ ကြည်လင်နေသည့် စိတ်တွေက Jeon JungKookရဲ့ ကားပေါ်က အမျိုးသမီးတစ်ယောက်ကို မြင်သည်နှင့် နောက်ကျိသွားရသည်။

ဘာလဲ အဲ့မိန်းမက..။

Jeon JungKookဘေးနားမှာ ထိုင်နေရင်း ရောရောထွေးထွေးနဲ့ စကားပြောတာကို ကောင်းကောင်းမပြောဘဲ JungKookပေါ်ကို လှမ်းလှမ်းပြီး မှီချနေတာလေ။

လက်သီးကို တင်းတင်းဆုပ်ထားမိသည်။

သူ သေလောက်အောင် သဘောကျတဲ့ ရင်ခွင်ကျယ်ကျယ်ကို မှီမှီချလိုက်တာ။ ဆံပင်ကနေ ဆွဲကိုင်ပြီး ဆွဲဆောင့် ပစ်ချင်သည်။

“Jeon JungKook”

Luggageကို ဆွဲယူပြီး ကားနားကို သွားကာခေါ်လိုက်တော့ ခပ်စိမ်းစိမ်းလှမ်းကြည့်၏။

အဲဒီအကြည့်တွေ..ဟိုမိန်းမနဲ့ ပြောနေတုန်းက အဲ့လိုမဟုတ်ဘူးလေ။

“‌ရောက်ပြီဆိုရင် ကားပေါ်တက်လေ”

“ကျုပ် ရှေ့ခန်းမှာ ထိုင်မှာ”

အကြည့်စူးစူးနဲ့ အဲ့မိန်းမကို ကြည့်ပြီး ပြောလိုက်တော့ Jeon JungKookက မကျေနပ်သည့်ပုံ။

“မရဘူး”

“ကျုပ်ကလည်း ကျုပ်ဖြစ်ချင်သလို မဖြစ်ရရင် မကျေနပ်ဘူး JungKook”

“ဒါဆိုလည်း အစ်မကပဲဆင်းပေးမယ်”

မိုးပြာရောင် ရှပ်အကျီအကြီးကြီး နဲ့ ဂျင်းဘောင်းဘီအပြာအရင့်ကို တွဲဝတ်ထားပြီး ရပ်နေတဲ့ ပုံစံက ကားဘေးမှာ လက်ပိုက်ပြီး ပါးစပ်က ပီကေ တဖောက်ဖောက်နဲ့ ဝါးနေသေးတာ။ လုံးဝ အချိုးမပြေတဲ့ စတိုင်။

TaeHeeက ဆင်းဖို့ ပြင်နေသည်မို့ လက်ကနေ လှမ်းဆွဲလိုက်ရသည်။

“သူ မကျေနပ်လည်း ထားလိုက် TaeHee.. Kim TaeHyung မလိုက်ချင်ရင် မလိုက်နဲ့၊ ငါလာကြိုပေးတာပဲ တော်တော်လွန်နေပြီလေ”

ကားစက်နှိုးနေတဲ့ Jeon JungKook..

အောက်နှုတ်ခမ်းကို ပြတ်ထွက်မတက် ဖိကိုက်လိုက်မိသည်။ စိတ်ရှိတိုင်းသာဆို သူနဲ့ နာမည်ဆင်နေတဲ့ ကားရှေ့ခန်းက မိန်းမကို ဆွဲချပစ်ချင်သည်။

TaeHyung အကျင့်ယုတ်ချင်လာတော့၏။

သူ့အနေနဲ့ Jeon JungKook ကို လမ်းတစ်လမ်းလုံး မိန်းမတစ်ယောက်နဲ့အတူ တွဲမြင်ရဖို့ ခွင့်မပြုနိုင်ဘူး။

Cruel Summer (Complete)Where stories live. Discover now