[Part-10]

11.9K 1K 104
                                    

Byun JaeMin ကို ဖုန်းဆက်လိုက်မိသည်။

ဟိုဘက်ကချက်ချင်းကောက်ကိုင်ပြီး..
"TaeHyung မင်း ကိုယ့်ဆီ ဖုန်းဆက်တယ်"

‌မနေ့ကမှသူတောင်းလို့ အားနာနာနဲ့ ဖုန်းနံပါတ် အပြန်လှန် ပေးခဲ့မိလိုက်သည်။

ကိုယ့်ဘက်က ဖုန်းစဆက်လိုက်တော့ အံ့ဩသွားတဲ့ ပုံ။

"နေ့လည်က ကိုယ်စာပို့သေးတယ်..မင်းဘာမှ ပြန်မပြောဘူး"

"ဟုတ်တယ် အဲ့တာ အခုပြောမလို့၊ ခင်ဗျားရဲ့ Dinner Party ကျုပ်လာခဲ့မယ်.."

Byun JaeMinက နေ့လည်က သူတို့ Companyရဲ့ Dinner Partyကို သူနဲ့ အတူ တက်ပေးဖို့ ခေါ်တာ။

အစက မသွားတော့ဖို့ လုပ်လိုက်ပေမယ့်လည်းပေါ့။

"ဟား.. တကယ်နော် TaeHyung မင်းကိုယ့်ကို တကယ်ပြောနေတာပါနော်"

"အင်း.. တကယ်.. ကျုပ်ကို လာတော့မကြိုနဲ့၊ ခင်ဗျားရဲ့ Companyရှေ့မှာ စောင့်နေမယ်"

ဒီလိုပဲပေါ့ JungKook..

ခင်ဗျားကိုလိုချင်တဲ့သူတွေများသလို ကျုပ်ကိုလည်း လူတိုင်းက ခယနေကြတာပဲ။

ကားပေါ်ကနေ Byun JaeMinကို လှမ်းမြင်နေရသည်။ ဆံပင်ရွှေဝါရောင်တွေက ဂုတ်အထိ ရှည်ပြီး မိန်းကလေးတွေ စီးသလိုမျိုး ဆံပင်ကို အများကြီးချပြီး အနောက်မှာ နည်းနည်းလေး စုပြီး ထုံးချီထားတက်တာ သူ့ပုံစံ။

အကျီလည်အပိတ်တွေဘဲ ဝတ်ပြီး အပြင်ကနေ ကုတ်အကျီအရှည်ကြီးကို ထပ်ဝတ်တက်သည့် သူက အခုလို ပွဲမှာတောင် အဲ့အတိုင်းပဲ ခပ်ရိုးရိုး ဝတ်ထားသည်။

"ဆောရီး.. ကျုပ်နောက်ကျသွားတယ်"

"မင်းလာပေးတာနဲ့တင် ကိုယ်ကျေးဇူးတင်ပါတယ်"

Companyထဲကို ဝင်တော့မယ့် သူ့ခြေလှမ်းတွေကို ရပ်အောင် TaeHyungက သူ့လက်တွေကို ဆွဲယူလိုက်သည်။

"ကျုပ် Dinnerကို သိပ်စိတ်မဝင်စား‌တော့ဘူး၊ ကျုပ်နဲ့အတူ ညဈေးလျှောက်လည်ပေး Byun JaeMin"

"Umm.. မင်း ကိုယ့်ကို ဒီထက်ပိုပြီး ရင်းရင်းနှီးနှီးခေါ်ပေးရင် ပိုကောင်းမှာပဲ"

"OK Byun Jae.."

သွားတက်ပါတဲ့ လူက သူ့သွားတက်တွေ ပေါ်တဲ့ အထိ ရယ်ပြပြီး..
"ဒါဆိုရင်တော့.. ကိုယ်မင်းနဲ့အတူ ငရဲ ဆိုရင်တောင် သွားနိုင်ပြီ"

Cruel Summer (Complete)Where stories live. Discover now