[Part-6]

11.4K 1K 68
                                    

Beverly Hills, California

Los Angeles, California မှာရှိသည့် Beverly Hills သည် Hollywood Starတွေရဲ့ အိမ်တွေတည်ရှိတဲ့နေရာဖြစ်သည်။

TaeHyungတို့ရဲ့ ကြော်ငြာရိုက်ကွင်းက Beverly Hillsက Rodeo Drive, Beverly Garden Park နဲ့ နောက်ထပ် Museum နှစ်ခုမှာဖြစ်ပြီး ဒီနေ့တော့ အရင်နေ့များထက် ပိုပင်ပန်းမည်ဖြစ်သည်။

အလုပ်ကပင်ပန်းမည်ဖြစ်တဲ့ကြားတည်းမနေ့က ကိစ္စကြောင့် TaeHyungက JungKook နဲ့ အခုထက်ထိမတွေ့ရသေးပေ။

အစ်မ ChaeEun ကိုမေးကြည့်တော့ အဲဒီလူက နေပစ်ခဲ့တာတဲ့..။

Rodeo Drive ကို ရောက်ခဲ့ကြသည်။

Rodeo Drive သည် ကမ္ဘာပေါ်တွင်ရှိသော လမ်းများထဲ၌ အကျော်ကြားဆုံးလမ်းများတွင်တစ်ခုအပါဝင်ဖြစ်၏။

နှစ်မိုင်မျှရှည်လျားပြီး လမ်းတစ်လျှောက်လုံး နာမည်ကြီးဒီဇိုင်းတွေရဲ့လက်ရာတွေနဲ့ဆိုင်တွေ၊ အရောင်းဆိုင်တွေနှင့် ပြည့်နှက်ကာ နာမည်ကြီးစတိုးဆိုင်ပေါင်း 100ကျော်ရှိ၏။

Beverly Hills မှာ TaeHyung တို့ အိမ်ရှိပြီး နွေရာသီတိုင်းဒီမှာလာနေတတ်တာမို့ ငယ်ငယ်ကတည်းက သူ့ခြေရာတွေနဲ့ပြည့်နှက်နေတတ်တဲ့ လမ်းဖြစ်သည်။

လမ်းက အထက်တန်းဆန်ပြီး သစ်ပင်တွေနဲ့စိမ်းလန်းကာ အဖြူရောင်အဆောက်ဦးများနှင့် ပြည့်နှက်နေသည်မို့ TaeHyung က သိပ်သဘောကျ၏။

ထို့အပြင် Rodeo Drive သည် ဈေးဝယ်ဖို့နဲ့ ဖက်ရှင်အကျဆုံးနေရာအဖြစ် ကမ္ဘာတစ်ဝှမ်း၌ လူသိများသေးသည်။

Beverly Wilshire ( A Four Seasons Hotel )သို့အရင်ဆုံးရောက်ခဲ့သည်။

Wilshire Boulevard မှာရှိတဲ့ Rodeo Drive ရဲ့ ခြေရင်းမှာရှိပြီး Beverly Hills ရဲ့ရှေးအကျဆုံး ဇိမ်ခံဟိုတယ်ဖြစ်သည်။

TaeHyung တို့ရဲ့ ကြော်ငြာ Theme က Beverly Hills က အထင်ကရနေရာတွေကိုသွားရောက်ပြီး J&Kရဲ့ Fashion တွေနဲ့ ရိုက်ကူးဖို့ပင်။

ထို့နောက် Rodeo Drive တစ်လျှောက် Shopping ထွက်နေသကဲ့သို့ ပုံစံထပ်ရိုက်ရသည်။

လူတွေသိပ်များပြီးစည်ကားနေသည့်အတွက် နေပူထဲ၌ TaeHyung တို့ ပိုကြိုးစားနေရ၏။

“ဒါပြီးရင် Beverly Garden Park ကို ရွေ့မယ်နော်၊ TaeHyung က အရင်ဦးဆုံးသွားနှင့်ထားလိုက်နော်၊ Jayနဲ့အတူ..”

Cruel Summer (Complete)Where stories live. Discover now