[Part-17]

10.6K 905 33
                                    

ဆေးရုံခန်းထဲကို ဝင်လာတော့ လှဲအိပ်နေတဲ့ TaeHyung...

“အဆိုးလေး.. မင်း အများကြီး ထိသွားတာလား”

Min Jay က ခေါင်းပြာပြာသလဲ ခါသလို TaeHyungကလည်း ထထိုင်လာသည်။

သူ့အသံက နည်းနည်း ကျယ်သွားတာကိုး။

“မထိပါဘူး၊ ခေါင်းနည်းနည်းရယ်၊ လက်က ပွန်းသွားရုံတင်ပါ..၊ ကျုပ်ရဲ့ Fanတွေ မစိုးရိမ်အောင်လို့ တစ်ခုခု ကြေညာဖို့ JungKookကို ပြောပေးပါဦး”

“အော် Min Jay နဲ့ စီစဉ်ခိုင်းလိုက်မယ်၊ မာမီနဲ့ အဘွားက စိတ်ပူနေတယ်၊ မနက်ဖြန်လာမယ်တဲ့”

“မစိုးရိမ်ရဘူးလို့ ပြောလိုက်လေ Hyungရာ၊ အဘွားတို့ သပ်သပ်အလုပ်ရှုပ်မှာကို မာမီကလည်း အစိုးရိမ်ကြီးတတ်တာနဲ့”

“မင်းနဲ့ Byun JaeMinရဲ့ လက်ထပ်ပွဲကိစ္စအတွက်ပါ လာမှာလေ”

အချိန်မဆွဲချင်တော့တာနဲ့ ပြောလိုက်တော့ TaeHyungက ခါးမတ်ခနဲ ဖြစ်သွားသည်။
“Hyung ဘာတွေပြောနေတာလဲ”

“သိပြီးပြီ JungKookနဲ့ ကိစ္စကို”

“Min Jay..”

ဘေးနားက Min Jayက
“တောင်းပန်ပါတယ်၊ မင်းက ငါ့သူငယ်ချင်း၊ ငါ့ညီလေးဆိုလည်း မမှားဘူး မဟုတ်လား”

“မင်းကို ငါဒီလောက် တောင်းပန်ထားတာတောင် လုပ်ရပ်တယ်လား Jay...”

Jayက ဘာမှမပြောဘဲ ထွက်သွားသည်။

SeokJin Hyung က မျက်ရည်ကျလာတဲ့ သူ့ကို မေးစေ့ကနေ ဆွဲမော့သည်။
“ငါပဲသိသေးတာမို့ ဒီလောက်နဲ့ ရပ်လိုက်ပါတော့.. အဆိုးလေးရယ်.. Hmm”

“ကျုပ်ဆိုတဲ့ ကောင်ကို ဘယ်သူက တားလို့ရခဲ့လဲ Hyung.. ကျုပ်ရပ်ချင်မှ ရပ်မှာ၊ ကျုပ်ကို ကျုပ်ပဲ ရပ်တန့်မယ်၊ ဘယ်သူကမှ လာတားစရာမလိုဘူး”

“ခေါင်းမမာစမ်းနဲ့ TaeHyung.. ငါမင်းအတွက် ပြောနေတာကွ”

SeokJin Hyungရဲ့ ဒေါသသံကို ပထမ‌ဆုံးကြားဖူးတာကို သူ့ ခန္ဓာကိုယ် တချက် တုန်တက်သွားသည်။

ခေါင်းတွေ ကိုက်တာရော။ မျက်စိက အနည်းငယ် လည်နေပြီး ခန္ဓာကိုယ်ကလည်း ယိုင်နဲ့ ချင်နေပြီဖြစ်သည်။

Cruel Summer (Complete)Where stories live. Discover now