Malibu Lagoon State Beach
El Matador ကနေ ပြန်လာသည့်လမ်း၌ Malibu Lagoon ပြည်နယ်ကမ်းခြေအား TaeHyung တို့ ရောက်ခဲ့ကြသည်။
First Magazine အတွက် El Matador မှာ ပြီးသွားခဲ့ပြီဖြစ်တာမို့ Second Magazine အတွက် ဒီကိုရောက်လာခဲ့ကြတာဖြစ်၏။
ထုံးစံအတိုင်း ဒီမှာတစ်ညအိပ်ပြီး မနက်ဖြန်ကျရင်တော့ Santa Monica သို့ ခရီးဆက်လိမ့်မည်။
Hotel Roomတွေကို စီစဉ်ပေးနေတဲ့ JungKook အနားသို့ သူတိုးကပ်သွားလိုက်သည်။ ဟိုမိန်းမကတော့ ကားမူးလို့ဆိုကာ နားနေရသည်မို့ TaeHyung မျက်စိနောက်သက်သာသွားသည်။
"JungKook.."
"အော်.. Kim TaeHyung.."
"ရူတင်ဘယ်အချိန်စမှာလဲ"
"ခဏနားလိုက်ပါဦး၊ ရိုက်ကွင်းကသူတွေကိုလည်း နားခိုင်းထားတယ်"
"ကျုပ် ခင်ဗျားနဲ့လမ်းလျှောက်ချင်တယ်၊ လိုက်လျောပေး"
အထက်စီးဆန်ဆန်မဟုတ်သော်လည်း မာထန်ထန်ကလေးနဲ့ အမိန့်လာပေးသည့် TaeHyung ကြောင့် ထုံးစံအတိုင်း JungKook က မျက်မှောင်ကြုံ့မိပြန်သည်။
"နားလိုက်ပါဦး၊ ရိုက်ကွင်းက မနေ့ကလို ညနက်မယ်"
"ဟင့်အင်း..၊ ခင်ဗျားနဲ့ဆိုရင် ကျုပ်က အမောပြေသွားမှာ"
"အော်.. မင်းကတော့ခက်တော့တာပဲ"
နံဘေးနားမှာ သူနဲ့အတူ လမ်းလိုက်လျှောက်ပေးတဲ့ Jeon JungKook ကြောင့် TaeHyung က နှစ်ခြိုက်စွာပြုံးနေမိသည်။
သူ့လက်ထဲက JungKook ဝယ်တိုက်တဲ့ အအေးဘူးကြောင့်လည်း ပင်ပန်းခဲ့ရသမျှက ဆွဲယူပစ်ထားသလို ပျောက်သွားခဲ့၏။
ခရီးသွားရာသီမို့ လူရှုပ်နေသည့်အတွက် သူတို့နှစ်ယောက် လူစုမကွဲစေဖို့ ပူးကပ်၍လျှောက်နေကြရသည်။
JungKook က..
"မင်းက LAမှာမွေးတော့ ဒီနေရာတွေကိုလည်း ရောက်ဖူးမှာပေါ့""El Matador နဲ့ အဲဒီအနောက်ဘက်က ကမ်းခြေတွေကလွဲရင် LAတစ်မြို့လုံးနဲ့ အခု Malibu Lagoon အထိက ကျုပ်ရဲ့ ခြေရာတွေကြီးပဲ"
မျက်ခုံးပင့်တဲ့ အဲဒီလူ..။
"မင်းအသက်က 17နော်..၊ အဲဒီလိုပဲ လိုက်သွားနေတာလား"
YOU ARE READING
Cruel Summer (Complete)
FanfictionJeon JungKook X Kim TaeHyung ✓26102021-23112021✓ |LivoniaKim|