[Part-20] Final

17.6K 1K 83
                                    

မိုးက ခပ်အုံ့အုံ့ရွာနေသည်မို့ ရာသီဥတုက ‌ခပ်အေးအေးရယ်။ ရေစက်တွေက နေရာအနှံ့ပျံ့နှံ့နေပေမယ့် ဝရံတာမှာ Jeon ပြန်လာမှာကို သူ(မ) စောင့်နေမိသည်။

ခရီးက ပြန်ရောက်ရောက်ချင်း ဟိုကောင်လေး ကိစ္စနဲ့ Entertainmentကို အရင်ဆုံးပြေးသွားတာ။

Rinaကတော့ မာမီနဲ့ လိုက်သွားသည်။

မာမီက အဖြစ်မှန်တွေကို သိသွားပေမယ့် သူ(မ) ဗိုက်ထဲမှာ ကိုယ်ဝန်ရှိနေပြီးဆို‌တော့ ဘာမှ ထပ်ပြီး မပြောတော့တာ..။

"Kim TaeHee"

ခေါင်းငုံ့ပြီး တွေးတောနေရာမှာ အသံလာရာကြောင့် သူ(မ) အခန်းပေါက်ဝဘက်ကို လှည့်ကြည့်လိုက်မိသည်။

James.. မျက်နှာမှာရော လက်တွေမှာရော ပွန်းပဲ့ပြီး အမာရွက်တွေ..။

"James.. နင် ဒီအထိ ဘာလို့ ဝင်လာတာလဲ ဘာကိစ္စလဲ"

သူ(မ)ဆီပြေးလာပြီး ပါးကို ဖျစ်ညှစ်ပြီး ဆွဲဆောင့်သည်။ ဟုတ်တာပေါ့။ ဟိုတစ်လောက သူ့ကို လူလွှတ်ပြီး ရိုက်ခိုင်းလိုက်တာမလား။

"စောက်ရမ်း အံ့ဩသွားတယ်ပေါ့ သေချာပေါက် ငါက နင့်ကို ဒီတိုင်းလွှတ်ထားမယ် ထင်နေလား"

"James ငါနာတယ်.. လွှတ်စမ်း"

ပန်းအိုးတွေ ရှိနေသည့်နေရာကို အားနဲ့ ဆောင့်တွန်းချခံလိုက်ရသည်။

ဆောင်းထားတဲ့ ထီးက လွှင့်ထွက်သွားတာ..။

"နင့်နားမှာ ကျွန်လိုနေနေတာ‌ကိုတောင် ငါ့ကို ‌မသေရုံတမယ် ရိုက်သတ်ခိုင်းတယ်ပေါ့၊ နင်ခိုင်းတာမှန်သမျှ ကို နွားလို လုပ်ပေးနေတာတောင်လေ"

"အေး နင်သာ စောက်သုံးကျအောင် အဲ့ဒီအရှုပ်ထုတ် Kim TaeHyungကို ဖယ်ထုတ်ပစ်ခဲ့ရင် အဲ့လိုမဖြစ်ဘူး James.. ကားဘရိတ်ကြိုးကို ဖြတ်တာထက် ပိုဆိုးတာကို လုပ်ခဲ့သင့်တာ၊ နင့်ဦးနှောက်ကိုက တုံးအ‌လွန်းနေလို့"

သူ(မ)ကို ဆံပင်ကနေ ဆွဲဆောင့်သည်။

"အေး ‌နင့်ကိုယ်နင်လည်း စောက်ရမ်း လည်နေတယ်တော့ မထင်နဲ့! Kim SeokJinက အကုန်သိတယ်၊ သူ့လက်ထဲမှာ CCTV Recordတွေရော၊ ငါ့ကို ရိုက်စစ်ထားတဲ့ အသံဖိုင်တွေရော၊ ငါ သေအောင် ကာကွယ်ပေးထားတာကိုပဲ ကျေးဇူးအရင်တင်စမ်းပါ"

Cruel Summer (Complete)Where stories live. Discover now