[Part-19]

11.1K 966 64
                                    

TaeHyungရဲ့ ကွန်ဒိုတိုက်ခန်းကို ရောက်ခဲ့သည်၊ ဒီနေ့ ရူတင်နားရက်မို့ TaeHyungက အိမ်မှာပဲ ရှိနေမှာဖြစ်သည်။

ဘဲလ်တီးသင့် မတီးသင့် တွေးနေမိတော့တာ။ အဲ့ဒီကောင်လေးကို ဒါကို ပြောလို့ မဖြစ်ဘူး မဟုတ်လား။

ထပ်ပြီး ဝေးသွားရမှာကို သေမလောက်ကြောက်တယ်။

သူ ခဏခဏပြောခဲ့တယ်လေ.. ဒီတစ်ခါပဲ ထပ်ယုံကြည်ပေးမှာတဲ့။

“JungKook.. ကျုပ်ဆီကို လာတယ်”

အနောက်ကနေ အဖက်ခံလိုက်ရလို့ ခန္ဓာကိုယ်က ရှေ့ကို ယိုင်နဲ့သွားသည်။

သူ့ကျောပေါ်ကို တက်နေတဲ့ TaeHyung..

ပြုတ်ကျမှာ ဆိုးလို့ ချီပိုးထားလိုက်ရသည်။

“ဘယ်က ပြန်လာတာလဲ”

“အော်.. ကျုပ် မုန့်စားချင်လို့၊ လမ်းထိပ်က စတိုးမှာပဲ”

သူ့လက်‌ထဲက အထုတ်တွေကို မြှောက်ပြသည်။

သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ် သိုင်းဖက်ထားတာမို့ အိမ် Passwordကို သူကိုယ်တိုင်ပဲ ရိုက်လိုက်ရသည်။

“အန္တရာယ်များတယ်လေ၊ မင်းကတော့ သေချာလည်း နေကောင်းသေးတာ မဟုတ်ဘဲနဲ့”

“Jayက သူ့အလုပ်တွေနဲ့ မအားတော့ဘူးလေ၊ ကျုပ်ရဲ့ မန်နေဂျာလည်း မဟုတ်တော့ အနားမှာ အချိန်ပြည့်မရှိတော့ဘူး၊ မန်နေဂျာ Hyungကိုလည်း ဒီနေ့တစ်ရက်ပေးနားလိုက်တာ၊ သူလည်း ပင်ပန်းနေတာမလား”

အိမ်ထဲအထိ သူ့ကို ကုန်းပိုးထားခဲ့ရရင်း TaeHyungက စကားပြောလိုက်၊ သူ့ နားရွက် နဲ့ ပါးကို နှုတ်ခမ်းနဲ့ ကလိလိုက်နဲ့။

“အဲတာကြောင့် ဒီနားပဲမို့ ကိုယ်တိုင်သွားလိုက်တာ”

ဆိုဖာပေါ်ကို ချပေးလိုက်ပြီး သူ့ဘေးနားမှာ ဝင်ထိုင်လိုက်သည်။

Rinaက ကျွန်တော့်ရဲ့ ကလေး မဟုတ်မှန်း ပြောပြီးကတည်းက TaeHyungက လိမ်လိမ်မာမာလေး ရှိလာ၏။

စကားလည်း နားထောင်ပြီး Dating Newsတွေလည်း တော်တော်လေး ပျောက်သွားသည်။ အဲဒါထက် ဟိုမင်းသမီးVicနဲ့လည်း ပြတ်သွားခဲ့ပြီဖြစ်သည်။

Cruel Summer (Complete)Where stories live. Discover now