Byun JaeMin's Pov

6.4K 531 19
                                    

Magazineရဲ့ Cover Photoပေါ်မှာ နေရောင်နဲ့အတူ တောက်ပနေတဲ့ ကောင်လေးတစ်ယောက်..

သိပ်လှပါတယ်ဆိုတဲ့ El Matadorရဲ့ ကျောက်ဆောင်တွေတောင် ဒီ အညိုရောင်ကောင်လေးကြောင့်နဲ့ အရောင်တွေ မှိန်သွားတော့တယ်..

သွားတက်တွေ ပေါ်တဲ့အထိ သူပြုံးလိုက်မိပြီး ဒယ်ဒီ့ကို ဖုန်းဆက်လိုက်မိသည်၊ နောက်ထွက်မယ့် ကုန်ပစ္စည်းမှာ အဲ့ဒီကောင်လေးကို သုံးပေးဖို့ပေါ့..

နာမည်ကို စုံစမ်းလိုက်သည်.. Kim TaeHyungတဲ့.. လူရော.. နာမည်ရောက သိပ်လှတာရယ်..

ခဏတွင်းချင်း အလုပ်ဖိုင်လ်တွေနဲ့ ပြည့်နှက်နေတတ်တဲ့ သူ့ရဲ့အိပ်ခန်းထဲမှာ အဲ့ဒီကောင်လေးရဲ့ ပုံတွေက နေရာယူလာခဲ့တယ်..

စိတ်မကောင်းစွာနဲ့ပဲ ကောင်လေးက ငယ်ငယ်ထဲက ပြိုင်ဘက်ဖြစ်တဲ့ Jeon JungKookရဲ့ Companyက ပင်တိုင် Model..

တစ်ဆက်ထဲမှာပင် ကံကောင်းတာက ကောင်လေးက အလုပ်ကို လက်ခံလိုက်တာပဲ..

New York ကနေ ချက်ချင်းပြန်လာပြီး အဲ့ဒီ ရုပ်ရှင်ရိုက်ကွင်းရက်ကို ရှည်အောင် ဆွဲဆန့်ပစ်ထားလိုက်သည်..

အဲ့ဒီတုန်းကတော့ ပိုင်ဆိုင်ကို ပိုင်ဆိုင်ရမယ် ဆိုတဲ့ အတွေးနဲ့အတူပေါ့..

ကင်မ်မရာ မီးရောင်အောက်မှာ သိပ်လှတဲ့ Poseတွေနဲ့ အဲ့ဒီကောင်လေးကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတဲ့ တစ်ခဏ..

လူက အသက်ရှူတောင် ရပ်ချင်သွားခဲ့သည်..

Jeon JungKookက ရိုက်ကွင်းကို လိုက်လာတဲ့နေ့.. ထူးဆန်းတဲ့ အပြုမူတွေကို သံသယများများစားစားမရှိခဲ့မိပေမယ့်..

ထုံးစံအတိုင်း ခနဲ့လိုက်မိသေးသည်..

အဲ့ဒီနေ့..

ကောင်လေးဆီက ပထမဆုံးဝင်လာတဲ့ ဖုန်းအဝင်ကောလ်လေး..

“ခင်ဗျားရဲ့ Dinner Partyကို ကျုပ်လာခဲ့မယ်” တဲ့..

ထခုန်မိမတတ်အပျော်တွေကို ထိန်းနေရင်း Companyရှေ့မှာ ရပ်စောင့်နေခဲ့တဲ့ ကျွန်တော်..

ခပ်လှမ်းလှမ်းရဲ့ အညိုရောင်အရိပ်ကလေးတစ်ခု ပြေးလာပြီး ကျွန်တော့်နားရောက်တော့.. သူနောက်ကျသွားကြောင်းကို အကြောတင်းတင်းလေးနဲ့ ပြောပြန်သေးတယ်..

Cruel Summer (Complete)Where stories live. Discover now