[Part-15]

10.8K 1K 79
                                    

အပြင်ဘက်မှ တိတ်ဆိတ်မှုကို ခံစားလိုက်ရသည်။ ပစ္စည်းရိုက်ခွဲသံတွေရော၊ JungKook ရဲ့ အော်ဟစ်သံတွေရော မရှိတော့ပြီ။

TaeHyung ရေပိုက်ကို ပိတ်လိုက်ပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။

"JungKook.."

ကြမ်းပြင်ပေါ်မှာ ကုတင်ခြေရင်းကို မှီပြီး ထိုင်ချနေတဲ့ JungKook.. ပစ္စည်းအကွဲကြေစတွေက သူ့အိပ်ခန်းတစ်ခုလုံးမှာ မြင်မကောင်းအောင် ရှုပ်ပွနေသည်။

ပန်းချီကားတွေရော၊ အသုံးဆောင်ပစ္စည်းတွေရော.. ကွဲကြေပြီး အဝတ်ဗီရိုတွေတောင် ကျိုးကြေတဲ့အထိ။

JungKookက သူ့မျက်စိထဲ မြင်သမျှကို ဖျက်ဆီးထားပုံရသည်။

အကွဲကြေစတွေကို ရှောင်ဖယ်ရင်း သူ့နားကို သွားထိုင်တော့ ရှိုက်သံသဲ့သဲ့။

နီရဲနေတဲ့ ညာဘက်လက်ကို ဆွဲယူလိုက်မိတာ။ လက်ဆစ်တွေက သွေးဆို့ပြီး ပေါက်ပြဲရာတွေ။

ခြေဖဝါးတွေမှာရော ဖန်စတွေ စိုက်ဝင်နေတာ။

မော့ကြည့်လာတဲ့ မျက်ဝန်းတွေကလည်း မျက်ရည်တွေ ပြည့်အိုင်လို့နီရဲလို့ နေသေးသည်။
“ဆေးထည့်‌ပေးမယ်”

မတ်တပ်ရပ်လိုက်တော့ လက်ကနေ သူ့ပေါင်ပေါ်ကို ပြန်ဆွဲချသည်။ ရင်ခွင်ထဲမှာ ထည့်ထားပြီး အတင်းကြပ်ဖက်ထားတာ။

“ဖယ်ပေးဦးလေ”

သူ့ ရင်ဘတ်ကို မျက်နှာအပ်လာတဲ့ လူ။ စိုစိစိအထိတွေ့က သူ့မျက်ရည်တွဖြစ်လိမ့်မညည်

သူ့ရင်ဘတ်ကို နှုတ်ခမ်းနဲ့ ခပ်ဖွဖွနမ်း‌နေသေးသည်။

“အချိန်တစ်ခုထိ ငါ့ကို စောင့်ပေးလို့မရဘူးလား TaeHyung”

“ဆေးထည့်ရ‌အောင်”

“ငါ့ကို အချိန်နည်းနည်းလေးပဲ ပေးပါ၊ မင်းသိလို့မရတဲ့ ကိစ္စတွေ ရှိတာမို့၊ ငါ့ကိုသေချာပေါက်စောင့်နေပေးလို့မရနိုင်ဘူးလား”

“ဆေးမထည့်လည်း အဆင်ပြေတယ်ဆို ပြန်တော့”

သူ့ဆီကနေ ထထွက်သွားတဲ့ TaeHyung..
“ကျေးဇူးပြုပြီး ငါပြောတာကို အာရုံစိုက်ပေးလို့ မရဘူးလား TaeHyung”

Cruel Summer (Complete)Where stories live. Discover now