[Part-18]

10.2K 870 40
                                    

“TaeHyung.. မာမီတို့ ပြန်တော့မှာလေ၊ လာပြီး နှုတ်ဆက်ဦး”

“အဆိုးလေး၊ မင်းအိပ်နေတုန်းပဲလား”

ဒုန်း.. ဒုန်း..။
“အဆိုးလေး.. ထတော့လေကွာ”

“မာမီတို့ အောက်မှာ၊ စောင့်နေတယ်.. TaeHyungရေ..”

အပြင်ကနေ အခန်းတံခါး တဝုန်းဝုန်း ထုသံကြောင့် TaeHyung အိပ်ရာကနေ ကမမ်းကတမ်းထလာရသည်။

နာရီကိုဆွဲယူကြည့်လိုက်တော့ မနက်ခင်း 10နာရီကျော်ပင်ဖြစ်၏။

ကြမ်းပြင်ပေါ်မှာ အဝတ်အစားတွေ ပြန့်ကျဲနေပြီး JungKookက အိပ်နေဆဲဖြစ်သည်။

အထိတ်တလန့်ဖြစ်နေမိတော့တဲ့ သူ။

“ကျစ် သွားပြီ..၊ ခဏလေး Hyung.. နိုးပြီ၊ နိုးပြီ”

အဝတ်အစားတွေကို ပြန်ကောက်ဝတ်ရင်း JungKookကို ထားခဲ့ပြီး ထွက်လာတော့ အခန်းတံခါးဝမှာ ရပ်နေတဲ့ Hyung..

“ဘယ်လိုဖြစ်လို့ ဒီလောက် နောက်ကျမှ နိုးရတာလဲ”

“မနေ့က အိပ်တာ နည်းနည်း.. ‌နောက်ကျလို့၊ ဇာတ်ကားအတွက် ဇာတ်ညွှန်းလည်း ပြန်ဖတ်နေတာနဲ့..”

“အလုပ်တွေ ခဏနားထားပါဦး ဆိုတာကို မင်းကတော့ ခေါင်းမာပြန်ပြီ”

အောက်ထပ်ကို ဆင်းနေရင်း သူ့ကို လှည့်ကြည့်၊ လှည့်ကြည့်နဲ့ ဆူနေတဲ့ SeokJin Hyung..

“ကျုပ် သိပါတယ်”

ခြံဝန်းထဲမှာ မာမီရယ် အဘွားရယ်က ရပ်စောင့်နေကြသည်။

Jayနဲ့ ဒါရိုက်ဘာ ဦးလေးက ပစ္စည်းတွေ တင်ပေးနေသည်။
“မာမီ.. အဘွား..”

‌ဖက်လိုက်မိပြီး ပါးကိုလည်း တစ်ယောက် တစ်ချက်စီ နမ်းလိုက်သည်။ သူ့ကို လက်ကနေ ဆွဲကိုင်တဲ့ မာမီ။

မျက်ဝန်းတွေက တစ်ခုခု သတိပေးချင်နေဟန်တူညီသည်။ သက်ပြင်းချမိတော့တဲ့သူ။

“မာမီ ပြောချင်တာကို သိနေပါတယ်၊ ဒါပေမယ့် အဲ့လို မလုပ်နိုင်ဘူး ထင်တယ်”

“သားရယ်.. ခေါင်းမာလိုက်တာ၊ ဘာလို့ မဖြစ်နိုင်တဲ့ ကိစ္စကိုမှလည်းကွယ်”

မာမီက ဒီကို ရောက်ကတည်း သူ့ကြောင့်နဲ့ ခဏခဏ ငိုနေရသည်။ မာမီ့ကို အားနာပေမယ့်.ဒီတစ်ခေါက်တော့ JungKookကို ယုံကြည်ချင်သေးသည်ဖြစ်၏။

Cruel Summer (Complete)Where stories live. Discover now