[Part-12.2]

11.3K 1K 73
                                    

ဖြန်း..

ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထားတဲ့ သူ့ကို မာမီက ခုံပေါ်မှာ ထိုင်ပြီး အော်ငိုကာ ထုရိုက်နေသည်.

“မိုက်လိုက်တဲ့ သား! တစ်ဖက်မိန်းကလေးကို အားမနာဘူးလား! ဟမ်! ငါ့ကိုကော! ထည့်မတွက်တော့ဘူးလား!”

“အဲ့အကောင်နဲ့ ပြတ်လိုက်တော့.. လက်ထပ်ပွဲကို တစ်လအတွင်း ငါကိုယ်တိုင်စီစဉ်မှာ၊ မဟုတ်ရင် အဲ့ကောင်ရဲ့ အောင်မြင်မှုတွေအကုန်လုံး ရေဇုန်မျောပြီလို့ မှတ်လိုက်”

သူ့ကို ထုရိုက်ပစ်ပြီး ထွက်သွားသည်..။ ဒူးထောက်နေရက်နဲ့ကို မျက်ရည်တွေက ဆက်တိုက်ကျလာ၏။

အဲ့ကောင်လေး တကယ်ကို လက်မလွှတ်နိုင်ဘူး..။

တိုက်ခန်းကနေပြောင်းသွားတဲ့ TaeHyung.. မာမီ့ကိုလိုက်မပို့ပေးခဲ့သင့်တာ။ မဟုတ်ရင် သူ့ကို ဆွဲထားနိုင်ခဲ့မှာကို။

TaeHyung နဲ့ မတွေ့ရတာ နှစ်ရက်လောက် ကြာသွားသည်။ အိမ်ကို လိုက်သွားတော့ သူ့သူငယ်ချင်းဆိုတဲ့ ကောင်က ပေးမတွေ့ဘူး။

ဖုန်းဆက်တော့ စက်ပိတ်ထားသည်။ အလုပ်လည်း မလာတော့ဘဲ.. သင်တန်းတွေလည်း မလာတော့ဘူး။

စုံစမ်းလိုက်တော့ နေမကောင်းဖြစ်နေတာတဲ့။ အဲ့က စပြီး မာမီက သူ့ကို အပြင်ပေးမထွက်တော့တာ။

အပြင် ထွက်တိုင်း နောက်ကနေ လိုက်လာသည်။

လက်ဝတ်လက်စားတွေရွေးနေတဲ့ မာမီနဲ့ TaeHee..

အရင်ကလိုမျိုး ဒီ မင်္ဂလာပွဲကို စိတ်မပါတော့တာ..
“သမီးနဲ့ ‌ဒါလေးက သိပ်လိုက်တာပဲ..”

“Jeon ဒီဇိုင်းဆွဲထားပေးတဲ့ ဟာလေ.. မာမီ.. စေ့စပ်လက်စွပ်ဆို ပိုတောင်လှသေးတယ်.. ပွဲနေ့ကျရင် သမီး ဝတ်ရတော့မယ်..”

“အဲ့တာလေးက ပိုလှမှာ.. ငါ့သမီးလေး လက်နဲ့ဆို.. သိပ်လိုက်မှာ.. သားကတော့ သမီးကို သိပ်ချစ်နေပါရော..”

TaeHeeက ရယ်မောနေရင်း သူ့ဘက်ကို လှည့်လှည့်ကြည့်သည်။ ပြန်ပြုံးပြမိပေမယ့် နည်းနည်းလေးတောင် စိတ်မပါဘူး။

မာမီ နဲ့ ဖိတ်စာဒီဇိုင်းတွေ.. ခန်းမဒီဇိုင်းတွေ ရွေးပြီး ပြန်သွားတဲ့ TaeHee..

Cruel Summer (Complete)Where stories live. Discover now