[Part-11]

11.3K 1K 223
                                    

TaeHyung နိုးလာတော့ JungKookရဲ့ ကုတင်ပေါ်မှာဖြစ်သည်။ ဘေးနားက နာရီကို ယူကြည့်လိုက်တော့ မနက် ၈နာရီကျော်နေပြီ။

မနေ့ နေ့လည်ထဲကမို့ သူအများကြီး အိပ်ပျော်သွားတာပဲ။

Jayအိမ်မှာ အနားယူခဲ့တယ် ဆိုတာထက် JungKookနဲ့ ရှောင်နေလိုက်တဲ့ သဘော။

တကယ်တမ်း ရန်ဖြစ်ထားလို့ အတွေးအမျိုးမျိုးနဲ့ အိပ်လို့ မရခဲ့ဘူး။

"နိုးနေပြီလား"

‌အခန်းထဲကို ဝင်လာတဲ့ Jeon JungKook.. အလုပ်သွားဖို့ ထင်သည်။ အဝတ်အစားတောင် လဲပြီးနေပြီ။

"ရေချိုးပြီးရင် အပြင်သွားရအောင်"

"အန္တရာယ်များတယ်လေ မသွားဘူး"
သူ့ကို ရွဲ့နေတဲ့ TaeHyung..

ကုတင်ပေါ်ကနေ ဆင်းသွားပြီး မနေ့က luggage ထဲက အဝတ်စားတစ်စုံကို ပြန်ယူနေသည်။

"ဘာလို့လဲ Byun JaeMinနဲ့‌တော့ ရပြီး ငါနဲ့တော့ အန္တရာယ်များတယ်လား"

"အဲ့လိုဖြစ်သွားတယ်"

သူ့အရှေ့မှာ အဝတ်စားတွေ အကုန်ချွတ်ချပြီး Bathrobe လဲပြီး ရေချိုးခန်းထဲ ဝင်သွားသည်။

ဒီကောင်လေးက ခေါင်းသိပ်မာတယ်။

ဘေးနားက TaeHyungရဲ့ဖုန်းက အသံမြည်လာသည်။

Jayဆိုတဲ့ တစ်ယောက်က ဖုန်းဆက်နေတာ။
"TaeHyung မင်း ဘယ်မှာလဲ"

"သူ ရေချိုးနေတယ်"

"အော် CEO Jeon.. ဒီနေ့ TaeHyungက Model Classသွားရမျာမို့ ဖုန်းဆက်ပြီး လှမ်းသတိပေးတာပါ၊ ညကျရင်ဇာတ်လမ်းတွဲအတွက် Red Carpet ရှိတာကိုလည်း မေ့နေမှာဆိုးလို့ပါ"

"အော် သိတယ်၊ ငါသူ့ကိုပြောလိုက်မယ်"
ဖုန်းချပစ်လိုက်သည်။

အမှတ်မထင်ဘဲ မျက်လုံးက Massageကို ဝင်လိုက်မိတာ။ ဟိုအကောင် နဲ့ Conversation..

အတူရိုက်ထားတဲ့ ပုံတစ်ပုံ နဲ့ စာ..
"TaeHyungie မှုန်ကုတ်.."

TaeHyungie.. ရက်စွဲက အဲ့ဒီနေ့ကတည်းက အရမ်းပျော်နေကြတဲ့ ပုံပေါက်သည်။

TaeHyung ရဲ့ Gallery ထဲအထိ အဲ့ဒီပုံက။

"ကျုပ်ဖုန်းကို ဘာလုပ်နေတာလဲ"

Cruel Summer (Complete)Where stories live. Discover now