[Part-7]

11.4K 1K 137
                                    

Kim TaeHyungရဲ့ Magazineတွေက နောက် နှစ်ပတ် အကြာမှာ ထွက်လာသည်။ နာမည်အနည်းငယ်ရပြီးသား ကြယ်ပွင့်လေးက အခုတော့ လင်းလက်လာတဲ့ ကြယ်ပွင့်လေး ဖြစ်လာသည်။

တစ်ပတ်လောက်နဲ့ Sold Outသွားတဲ့ Magazineတွေ နဲ့ Outfitတွေ..။

သူ့ရဲ့ အရှေ့မှာ မှင်သေသေမျက်နှာထားနဲ့ ထိုင်နေတဲ့ Kim TaeHyung..

"ပြန်တွေ့ပြန်ပြီ.. ဘယ်လိုလဲ.. ကျုပ်ရဲ့ အရည်ချင်း"

သုံးပတ်လောက်ကြာမှ ပြန်တွေ့ရတဲ့ မျက်နှာ။

ကျောင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေတော့တာ။ Jeon JungKookကိုတောင် မကပ်တွဲနိုင်အားခဲ့ဘူး။

Jeon JungKookကျေးဇူးနဲ့ အနုပညာလမ်းကျောင်းထဲ ဝင်ဖို့ အခွင့်ရေးရခဲ့သည်။

တရားဝင်စာချုပ်ချုပ်ဖို့ ကမ်းလှမ်းလာတဲ့ J&K.. တစ်နည်းအားဖြင့် Jeon JungKook..

"ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးလွန်းတာ၊ ဒီလောကမှာ ကြာကြာ..ခြေချလို့ ရမှာ မဟုတ်ဘူး"

ပုခုံးတွန့်ပြပြီး စာချုပ်မှာ လက်မှတ်ထိုးနေသည်။

"အဲ့စကားအစား၊ ကျုပ်ကို တစ်ခေါက်လောက် ချီးကျူးသင့်တာ၊ အခုကျုပ်ကို လိုချင်နေတဲ့သူတွေများနေပြီ"

"ပြန်တော့၊ နေဖို့အတွက်ကို မင်းအတွက် ပြောင်းပြီး စီစဉ်ရမယ်.."

OK signပြကာ သိပ်ဂျစ်မတိုက်ဘဲ ချက်ချင်းပြန်သွားတဲ့ ကောင်။

အမြဲတမ်း အဲ့လို စကားနားထောင်နေရင် အဆင်ပြေနေသားနဲ့။

ဒါပေမယ့် ဒီပုံစံ.. နည်းနည်းလေးတော့ အသားမကျဘူး။

Jay ရဲ့ ကလပ်မှာ.. ‌Seokjin Hyungရယ်၊ သူရယ်၊ Jayရယ်..။ သူ့အတွက်.. SeokJin Hyungက ဂုဏ်ပြုတဲ့ အနေနဲ့ဆိုပြီး အရက်အတူသောက်နေကြသည်။

‌"ငါနဲ့ တွေ့မှာ ဆိုးလို့ ရှောင်ပြေးနေတဲ့ ကောင်လေး အခုတော့ ငါနဲ့ ထိပ်တိုက်တွေ့ပြီပေါ့ ဟား.. ဟား"

တဟားဟားအော်ရယ်နေတဲ့ အသံက ကလပ်ထဲက သီချင်းနဲ့ အပြိုင် ထွက်လာသည်။

"မြန်မြန်သောက်ပြီး ပြန်မယ်၊ Hyungရှက်ဖို့ ကောင်းအောင် မလုပ်နဲ့"

Cruel Summer (Complete)Where stories live. Discover now