ကျွန်တော်တို့ နှစ်ယောက် လက်ထပ်လိုက်တာ တစ်နှစ်ေကျာ်သွားသည်၊ လက်ထပ်ပွဲကနေ ထွက်ပြေးလာတဲ့ TaeHyungကို သူ့မိသားစုက အဆက်သွယ်ဖြတ်ပစ်လိုက်တာ အခုထိ..
ကျွန်တော်ကိုယ်တိုင်လည်း မာမီ နဲ့ အဆက်သွယ် လုပ်ဖို့ ခဲယဉ်းသွားခဲ့တယ်..
Rinaကို Jamesဆီကနေ ခေါ်ပြီး၊ ကျွန်တော်တို့ နှစ်ယောက် ရဲ့ တရားဝင်သမီးအဖြစ် မွေးစားလိုက်တယ်၊ TaeHyungရဲ့ သဘောတူညီချက်နဲ့ အတူပေါ့..
အဲ့တာထက် TaeHyungက မိသားစုအပြင် သူ့ရဲ့ အနုပညာလုပ်ငန်းတွေကိုပါ စွန့်ပစ်လိုက်တာ..
အခုဆို Malibuမှာ အိမ်ဝယ်ပြီး ကျွန်တော်တို့ နှစ်ယောက်လုံး ဒီနှစ်တွေကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းခဲ့သည်..
ဘယ်လိုပဲ ဖြစ်ဖြစ်.. နှစ်ယောက်လုံး ပျော်နေခဲ့ကြတာပဲမဟုတ်လား..
ရေချိုးခန်းထဲကနေ ရေချိုးပြီး ထွက်လာတဲ့ TaeHyung..
“JungKook သမီးကို ကျောင်းလိုက်ပို့ပေးပြီး အပြန်ကျရင် Marketကို ခဏ ဝင်မယ်”
“အော် မင်းသဘော”
Rinaကို LAမှာပဲ ကျောင်းထားသည်၊ အကြိုအပို့လုပ်ပေးရင်း တစ်ခါတစ်လေတော့ ကျွန်တော်တို့ နှစ်ယောက်.. LAမှာ Dateဖြစ်တယ်..
“အာ.. ပြီးတော့”
TaeHyungက အံဆွဲထဲကနေ ဟိုဟိုဒီဒီရှာနေသည်..၊ သူ့လက်ထဲကို လာထည့်တဲ့ လက်မှတ် နှစ်စောင်..
“Harry Stylesရဲ့ Concertလက်မှတ်.. သွားရအောင် ညကျရင်”
“သမီးကို ဘယ်လိုလုပ်မလဲ”
“ရှူး..”
လက်ညှိုးပုံစံ သုံးပြီး၊ နှုတ်ခမ်းနားကို တေ့ကာ၊ တိုးတိုးနေ ဆိုတဲ့ ပုံစံလုပ်ပြသည်..
တခါတလေ ဒီကောင်လေးက ကလေးနဲ့ အပြိုင် သိပ်ဆိုးတာ..
“Daddyရဲ့ Princessလေး.. ကျောင်းသွားကြရအောင်”
ဧည့်ခန်းထဲမှာ သမီးကို ကျစ်ဆံမြီးကျစ်ပေးနေတဲ့ TaeHyungနဲ့..
ကာတွန်းကား ကြည့်ရင်း ဇိမ်ခံနေတဲ့ Rina..
ကျွန်တော်ခေါ်လိုက်တော့ နှစ်ယောက်စလုံး လှည့်ကြည့်သည်...
YOU ARE READING
Cruel Summer (Complete)
FanficJeon JungKook X Kim TaeHyung ✓26102021-23112021✓ |LivoniaKim|