Beverly Hills ကို အလုပ်ကိစ္စနဲ့ထပ်ရောက်လာရပြန်သည်။
Beverly Hills မှာရှိနေတဲ့အိမ်ကိုမသွားတော့ဘဲ Byun Jaeတည်းနေတဲ့ A Four Seasons Hotel သို့ ရောက်ခဲ့သည်။
Byun Jaeက အလုပ်ကိစ္စနဲ့ ရောက်တုန်း သူ့ကိုတွေ့ချင်တယ် ဆိုတာကြောင့် Beverly Hills ကို Schedule မအားလှပ်တဲ့ကြားကနေလာရတော့တာဖြစ်သည်။
ဒီနှစ်တွေအတွင်း TaeHyung.. Byun Jaeနဲ့ မကြာခဏတွေ့ဖြစ်သည်။
Byun Jaeက အလုပ်ကိစ္စနဲ့မကြာခဏ LAကိုလာတတ်ပြီး အဘွား Company ရဲ့ ရှယ်လ်ယာရှင်လည်းဖြစ်လာခဲ့သည်။
“TaeHyung.. Byun JaeMin က Hotel Restaurant မှာမင်းကိုစောင့်နေမယ်ပြောတယ်၊ ငါဒီကပဲစောင့်တော့မယ်၊ မြန်မြန်လည်းလုပ်ဦး၊ ဒီနေ့ Interview တစ်ခုရှိတယ်မဟုတ်လား၊ ညနေခင်းအစီစဉ်မှာ”
“သိပြီ၊ သိပါပြီ”
TaeHyung.. Jayကို နှုတ်ဆက်ခဲ့ပြီး အပေါ်သို့တက်ခဲ့သည်။
Beverly Hills ရောက်ရင်တော့ TaeHyung အဖို့က လွတ်လပ်မှုရှိသည်။ Beverly Hills မှာ Paparazzi တွေကို TaeHyung ကြောက်ရန်မလိုပေ။
Celebrity တွေနဲ့ Hollywood Starတွေပဲနေတဲ့ Beverly Hills က ရှည်လျားကွေ့ကောက်နေတဲ့လမ်းတွေ၊ Paparazzi တွေကို ပိတ်ဆို့နိုင်သည့် ရူခင်းလှလှတွေနဲ့ တင်းကြပ်တဲ့ လုံခြုံရေးစနစ်တွေပြည့်နှက်နေသည့် တိတ်ဆိတ်သည့် မြို့ကလေးပင်။
ဒါကြောင့်မို့လည်း Beverly Hills ကို TaeHyung က ငယ်စဉ်ကတည်းက သိပ်သဘောကျခဲ့တာဖြစ်၏။
“TaeHyungie..”
VVIP Room ကို ငှားထားတဲ့ Byun Jae..
သူဝင်သွားလိုက်တာနဲ့ မတ်တပ်ရပ်ပြီး Champagne တစ်ခွက်ဖြင့်ကြိုဆို၏။
TaeHyung နောက်ပိုင်းတွေမှာ အရက်အစား Wineနဲ့ Champagne ကိုပိုအသောက်များလာခဲ့သည်။
“ကျုပ်နောက်ကျသွားတယ်၊ Action ဇာတ်ကားအတွက် ဒီနေ့က နောက်ဆုံးရက်မို့ အပြတ်ဖြတ်ခဲ့ရတယ်”
Byun Jae က ပြုံးပြီး..
“ကိုယ့်ကိုကြိုဆိုပြီး လာပေးတာကိုပဲ ကျေးဇူးသိပ်တင်ပါတယ်၊ ဒါနဲ့ Schedule တွေ ညနေပိုင်းရှိနေတုန်းလား”“ညနေပိုင်းအစီစဉ်မှာ Interview တစ်ခုပြီးရင်ပြီးပြီ၊ ညနေ 7နာရီစမှာပေါ့”
YOU ARE READING
Cruel Summer (Complete)
FanfictionJeon JungKook X Kim TaeHyung ✓26102021-23112021✓ |LivoniaKim|