Hotelရှေ့မှာ ရှုပ်ယှက်ခက်နေတဲ့ ရိုက်ကူးရေး အဖွဲ့သားတွေ။
တိုက်ဆိုင်စွာနဲ့ Jay မိဘတွေ ပိုင်တဲ့ Hotel ဖြစ်နေတာမို့ အရာရာက နားလည်မှုနဲ့ ဖြစ်သွားသည်။
ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ ပစ္စည်းတွေကို နေရာချနေတာကို လိုက်ကြည့်နေတဲ့ Jeon JungKook..
ဘေးနားမှာ သူသဘောကျတဲ့ လက်မောင်းတွေကို တွဲခိုပြီး ချိတ်ထားတဲ့ အမျိုးသမီးက မပါမဖြစ်နဲ့ပင်။
“တောက်ခ်”
မှီထားတဲ့ ကားကို သုံးလေးချက်လောက် ပိတ်ကန်ပစ်လိုက်မိသည်။
သူနဲ့ မလှမ်းမကမ်းမှာ J&K ရဲ့ တာဝန်ရှိသူဆိုတဲ့ သူနဲ့ အီနေတဲ့ Jay.. သောက်လက်စ ဆေးလိပ်ကို မီးသတ်ပြီး လှမ်းပစ်လိုက်တော့အနားရောက်လာသည်။
“ဝန်ထမ်းတွေနဲ့.. ဟိုနှစ်ယောက်အတွက် အအေးတွေ ဝယ်ခဲ့၊ နှစ်ဘူးကို ငါ့ဆီယူလာ”
Jeon JungKook နဲ့ ဟိုတစ်ယောက်ကို မေ့ငေါ့ပြလိုက်တော့ Jayက..
“ဘာလုပ်ဦးမလို့လဲ”“သံဗူးပဲ ဝယ်ခဲ့၊ အဟင်း.. ဆေးထိုးအပ်တစ်ချောင်းပါယူလာ”
Jayက မျက်နှာတွေ ဖြူဖျော့လာသည်။ TaeHyungက ကားကို မှီထားရင်း ဟန်တောင်မပျက်ပေ။
“TaeHyung..ပေါက်ကရမလုပ်ဘူးလို့ ကတိပေး”
“သွားဝယ်စမ်းပါ”
Jayက လှည့်ကြည့်လှည့်ကြည့် နဲ့ ထွက်သွား၏။
မာမီတို့ဆီကနေ ယူခဲ့တဲ့ ဝမ်းနှုတ်ဆေးက အဲ့မိန်းမ ခရီးကို လိုက်လို့မရအောင် စွမ်းဆောင်နိုင်မည် ထင်ပါသည်။
ကလေးဆန်တယ် ဆိုရင်တောင် လူမသတ်ချင်လို့ ကလေးဆန်နေရတာ။
မကြာခင်မှာပင် ရိုက်ကူးရေးအဖွဲ့သားတွေ လက်ထဲမှာ ကိုယ်စီကိုယ်စီ အအေးဘူးတွေနဲ့။
Hotelက ဝေသလို လုပ်လိုက်တာမို့ သူတို့ ပြသနာ မတတ်နိုင်တော့ပေ။
Jeon JungKook နဲ့ စကားပြောရင်း ရယ်မောရင်း အအေးကို သေချာသောက်နေတဲ့ မိန်းမရဲ့ မျက်နှာကို ပီကေဝါးရင်းချိုမြိန်စွာ ထိုင်ကြည့်နေမိသည်။
YOU ARE READING
Cruel Summer (Complete)
FanfictionJeon JungKook X Kim TaeHyung ✓26102021-23112021✓ |LivoniaKim|