[Part-9]

10.8K 1K 96
                                    

New York ရဲ့ Fashion Show က ကောင်းမွန်စွာဖြင့် အဆုံးသတ်ခဲ့သလို TaeHyung နဲ့ JungKookတို့ တွဲခဲ့ကြသည်မှာလည်း နှစ်ပတ်လောက်တော့ရှိခဲ့ပြီဖြစ်သည်။

JungKook က Kim TaeHeeကို ဘယ်လိုမျိုး နည်းလမ်းတွေကို အချိန်ဆွဲပြီး ဘယ်လိုမျိုးဖြုတ်ချပစ်မလဲ TaeHyung တွေးလည်းမတွေးမိသလို စိတ်လည်းမဝင်စားခဲ့ပါ။

အဓိကက JungKook ကို သူယုံကြည်တာပဲ။ JungKook က ထို ယုံကြည်မှုကိုအလွဲသုံးစားမလုပ်ပစ်ဖို့တော့ TaeHyung မျှော်လင့်သည်။

သူမှားယွင်းနေတဲ့လမ်းအား မိခင်၏ စကားကိုလည်း လျစ်လျူရှုပြီး လျှောက်လှမ်းခဲ့ခြင်းဖြစ်သည်။

ထိုအရာအတွက် TaeHyung နောင်တမရချင်သလို နောင်တလည်းရှိမနေခဲ့ပါ။

ချစ်ခြင်းတရားက ပိုင်ဆိုင်ရခြင်းဖြစ်သော်လည်း ပိုင်ဆိုင်ရခြင်းက ဒီချစ်ခြင်းမေတ္တာရဲ့ အဆုံးသတ်မဟုတ်ဘူး ဟု မာမီမကြာခဏပြောဘူးသည်ကို TaeHyung အမြဲတမ်း အလွတ်ကျက်မှတ်ခဲ့သည်။

သို့သော်လည်း JungKook ကိုတော့ သူပိုင်ဆိုင်ရမှဖြစ်မည်။

“TaeHyung.. ဒီမှာ ဒီလအတွက် မင်းရဲ့ Schedule.. Jeon JungKook က မှာလိုက်သေးတယ်၊ Cosmetics အတွက် ကြော်ငြာရိုက်ကွင်းကိုသွားခံနီးတိုင်း ဖုန်းဆက်တဲ့၊ သူအကြိုပို့လုပ်မယ်ပြောတယ်”

Schedule ကို JungKook ဆီကပြန်ယူပြီး ရောက်လာတဲ့ Jay..

Jayပြောတာကိုခေါင်းညိတ်လိုက်ပြီး Schedule ကိုသာ အာရုံစိုက်လိုက်သည်။ အကြောင်းပြချက်တွေမလိုဘဲ ဒီအတိုင်း JungKook က အနားမှာရှိပေးမယ် ဆိုရုံနဲ့တင် သူပျော်သည်။

“NYC က ပြန်လာကတည်းက တက်ကြွနေတာပဲ မင်းလည်း”

Binနဲ့ ရိုက်ကူးနေဆဲဖြစ်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဇာတ်ညွှန်းကိုပြန်ဖတ်နေတုန်း Jayစကားကြောင့် သူကော်ဖီသောက်ရင်းကနေ ရယ်လိုက်မိသည်။

“အချစ်ကိုးကွ.. အချစ်.. အချစ်..”

“TaeHyung.. ငါကတော့ မင်းကိုပျော်စေချင်တာပဲ၊ အန်တီမေမေတို့ကလည်း အဲဒီလိုပဲနေမှာပဲ၊ အဲဒီတော့ မင်းရဲ့ ရွေးချယ်မှုက မှန်ပါစေပဲ ဆုတောင်းတယ်”

Cruel Summer (Complete)Where stories live. Discover now