စိမ်းစိုသော သစ်ပင်များအောက် အညိုရောင်အမွှေးလေးများနှင့် ချစ်စဖွယ်ကြောင်လေးတစ်ကောင် အစာစားနေသည်။
ခွက်ထဲမှ ကြောင်စာများကို အားပါးတရစားနေသော ကြောင်ပေါက်လေးအား မေးထောက်ကာကြည့်နေမိသည်။
"Yang Yang"
လွယ်အိတ်ကိုဘေးတစောင်းလွဲထားပြီး ရှပ်အင်္ကျီအဖြူရောင်အပွလေးကို မီးခိုးရောင်ဘောင်းဘီရှည်နှင့်တွဲဖက်ဝတ်ဆင်ထားသောကောင်လေးတစ်ယောက် နာမည်ကြား၍မျက်လုံးထောင့်မှလှမ်းကြည့်လိုက်သည်။
"Yang Yang မင်းအခုထိကြောင်စာကျွေးနေတုန်းလား... Latin dance အတန်းကိုမတက်ဘူးလား"
"အဲ့ဒါယောင်္ကျားလေးတွေအတွက်ရောဟုတ်ရဲ့လားကွာ... တွန့်လိုက်လိမ်လိုက်နဲ့... ငါမသွားဘူး"
"မသွားလို့ အမှတ်မရရင် နောက်ဆုံးမင်းပဲဘွဲ့မရမှာကို.. သွားမှရမှာလေကွာ.. ပြီးတော့"
ထိုကောင်လေးက ကြောင်စာကျွေးနေသော Yang Yang ကိုငုံကြည့်ရင်းဆက်ပြောသည်။
"နောက်ဆုံးနေ့မှာ မင်းကိုဘယ်သူကကိုယ်ကြိုက်တာရွေးခိုင်းလိုလဲ... ကျတဲ့ဟာယူရတာပဲ"
"အေးပါ..သွားနှင့်လိုက်... ငါကြောင်စာကျွေးနေတာ လာမနှောင့်ယှက်နဲ့"
Yang Yang ကသူ့ကိုလှည့်မကြည့်ပဲ လက်ခါပြကာပြောလိုက်သည်။
"မင်းနေ့တိုင်းကြောင်ကိုအစာကျွေးနေတာပဲ မသိရင် ကြောင်စာကျွေးတာ မင်းမေဂျာကျနေတာပဲ"
"နားညီးလိုက်တာ ငါ့ဘာသာကျွေးကျွေး မကျွေးကျွေးပေါ့"
ဘေးကနေ တရစပ်ပွစိပွစိပြောပြီး ထွက်ပြေးသွားသောသူငယ်ချင်းဖြစ်သူအား Yang Yang စိတ်မရှည်စွာဖြင့်နောက်ကလိုက်ကာအော်နေသည်။
"အမလေး စိတ်ကလည်း ကြီးလိုက်တာ.. နောက်မှ မိန်းမ မရရင်ဘယ်လိုလုပ်မလဲ"
"Xiao Jun မင်းဘာပြောတာလဲ"
Xiao Jun နောက်လိုက်ရင်း မထိတထိ ပုခုံးချင်းတိုက်မိသွားသော ကောင်လေးတစ်ယောက်ကိုတော့ Yang Yang သတိမထားမိခဲ့ချေ။
"မြန်မြန်လာ အတန်းက စတော့မယ်"
"အင်း"
Yang Yang ကို လှည့်ကြည့်နေသော ထိုကောင်လေးဟာ ဘေးမှသူငယ်ချင်းပြောမှ အိတ်ကပ်ထဲလက်ထည့်ကာရှေ့ဆက်သွားလိုက်သည်။
YOU ARE READING
Don't say No!
Fanfiction"မချစ်ဘူးလို့ မငြင်းချင်စမ်းပါနဲ့ ကောကောရယ်.. ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ကောကောရဲ့ မျက်နှာထားလေးနဲ့ ထိန်းမရအောင် ကျယ်လောင်နေတဲ့ ရင်ခုန်သံတွေက ဒီလောက်သိသာနေတာတောင် မချစ်ဘူးလို့ ငြင်းချင်သေးတာလား" "မချစ်ဘူး Li Yongqin ငါမင်းကို မချစ်ဘူး..ငါက တစ်မိုးအော...