နှင်းကျလို့ ဖွေးစွတ်နေတဲ့ ကားလမ်းမလေးကို ဖြတ်လျှောက်လာပြီး ပေါင်မုန့်ဆိုင်လေးဆီ ဦးတည်သွားလိုက်သည်။
မနက်စာ ပေါင်မုန့်ကုန်နေတာနဲ့ အိပ်ကောင်းတဲ့ ဆောင်းတွင်းဘက် မနက်အစောအချိန်လေးကို ပေါင်မုန့်ထွက်ဝယ်နေရသည်။
အခန်းဖော်ကလည်း အားမကိုးရတဲ့အပြင် အမြဲ ခိုင်းစားလိုက်၊ပိုက်ဆံချေးလိုက်နဲ့မို့ ကိုယ်တိုင် လာဝယ်နေရတာ ငိုမဲ့မဲ့ပင်ဖြစ်ချင်နေသည်။
အိပ်ကောင်းမယ့် ဒီအချိန်လေးမှာ လမ်းမပေါ် လျှောက်လှမ်းထွက်လာရတဲ့ လေးပင်တဲ့ ခြေထောက်တွေကို မနည်းအားစိုက် သယ်ယူနေရသည်။
အချိန်အားဖြင့် မနက်၇နာရီရှိတာကြောင့် အအေးဓာတ်က စိမ့်စိမ့်လေးနဲ့ မနက်ခင်းလေပြေတွေက တဟူးဟူးတိုက်ခတ်နေသည်။
ပေါင်မုန့်လေးတစ်ထုပ် ခပ်မြန်မြန်ဝယ်ပြီး အဆောင်ဆီ သုတ်ခြေတင်ကာ လျှောက်လာလိုက်တော့သည်။
အခန်းထဲဝင်တာနဲ့ ကြားမကောင်းအောင် ဟောက်ပြီးအိပ်နေတဲ့ Xiao Jun ကို ကုတင်ပေါ်ကနေ ဆောင့်ကန်ပစ်လိုက်ချင်သည်။ ပြီးရင် ဒီပေါင်မုန့်တွေ သူပဲစားမှာ။
ရုတ်တရက် တစ်စုံတစ်ယောက်ကို သတိရလာမိသည်။ တစ်ယောက်တည်းနေတတ်တဲ့ Li Yongqin လိုသာဆို အခုနေ ကျွန်တော်လည်း အေးဆေးဖြစ်နေလောက်ရောမည်ထင်သည်။
Xiao Jun နဲ့လည်း ရန်ဖြစ်စရာမလိုတော့သလို အနိုင်လုစကားနိုင်ထိုးနေစရာလည်း မလိုတော့။
ဒီလိုအချိန်မှ Li Yongqin ကို အားကျမိသည်။
မနက် ၉နာရီ။
အတန်းနောက်ကျလို့ သုတ်ခြေတင်ပြေးလာတဲ့ Xiao Jun ရယ်ပါ။ ခေါင်းရော ဖြီးလာလားမသိပါဘူး။ ရှုပ်ပွနေတဲ့ ဆံပင်တွေက လေထဲမှာ ထိုးထောင်ထွက်လို့ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ မဟုတ်ရင် သူ့ကိုရယ်မိလို့ ကျွန်တော့်ကို ထုဦးမည်။
"ဟိုနေ့က ဆရာမပြောတဲ့ ပွဲအကြောင်း ဆုံးဖြတ်ပြီးကြပြီလား.. အားလုံးပါဝင်ပေးကြမယ်မလား"
တစ်ယောက်တစ်ပေါက် ကျွတ်ကျွတ်ညံအောင် ပြောနေကြရင်း Xiao Jun ကလည်း ကျွန်တော့်နားကို တီးတိုးလာပြောသည်။
ČTEŠ
Don't say No!
Fanfikce"မချစ်ဘူးလို့ မငြင်းချင်စမ်းပါနဲ့ ကောကောရယ်.. ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ကောကောရဲ့ မျက်နှာထားလေးနဲ့ ထိန်းမရအောင် ကျယ်လောင်နေတဲ့ ရင်ခုန်သံတွေက ဒီလောက်သိသာနေတာတောင် မချစ်ဘူးလို့ ငြင်းချင်သေးတာလား" "မချစ်ဘူး Li Yongqin ငါမင်းကို မချစ်ဘူး..ငါက တစ်မိုးအော...