ဘောပင်ကို လက်ညှိုးကြားညှပ်ကာ စားပွဲပေါ် လက်ထောက်ပြီး Li Yongqin ပြောခဲ့သော စကားကို ပြန်တွေးနေမိသည်။
"မင်းလည်း သူများတွေလိုပါပဲ..."
အဲ့ဒါ ဘာအဓိပ္ပာယ်နဲ့ ပြောတာဖြစ်မလဲ။
အတန်းပြီးလို့ ပြန်တာတောင် သူ့ကို စကားပြောလို့ မရတဲ့အနေအထားထိ ကျွန်တော်တို့ ဆက်ဆံရေးက ရုတ်ချည်းပြောင်းလဲသွားတာလား။
ကျွန်တော် အဲ့နေ့က ပြောတဲ့စကားထဲမှာ အမှားတစ်ခုခုများ ပါသွားလို့လား။
"Yang Yang..ကူးလို့ ပြီးပြီလား... ပြီးရင် ငါ့ကိုပေးဦး"
"ပြီး...ပြီးတော့မယ်"
အတွေးများကို ခဏရပ်နားကာ ကူးလက်စ Assignment ကို ပြီးစီးအောင် ရေးပြီး Xiao Jun ဆီ ပေးလိုက်သည်။
"ဒီနေ့လာတဲ့သူတွေ Marketing Management နဲ့ ပက်သက်တဲ့ ppt တွေလာပေးပါ"
အတန်းခေါင်းဆောင် ပြောသော Ppt ဆိုမှ ကျွန်တော် ဘောင်းဘီအိတ်ကပ်ထဲစမ်းမိသည်။
"ဟမ် သေပြီ"
"ဘာဖြစ်တာလဲ"
"ငါ့ flash drive ပျောက်နေတယ်"
"ဘာ! မင်းလာနောက်နေတာလား.. အတန်းက ခဏနေရင် စတော့မယ်...ယူလာတာရော သေချာရဲ့လား ပြန်ကြည့်ဦး"
Xiao Jun ပြောမှ စားပွဲခုံအောက်နှင့် လွယ်အိတ်ထဲ သေချာပြန်ရှာမိတော့လည်း မတွေ့ပေ။
ထူးဆန်းလိုက်တာ။
သေချာယူလာတာပါ။
Yang Yang တစ်ယောက် ခေါင်းကုတ်ကာ ကြံရာမရ စဉ်းစားနေပေမယ့် Xiao Jun ကတော့ အရှေ့ကတစ်ယောက်ဆီက copy တောင်းရန် ကူညီပေးနေရှာသည်။
ထို့နောက် Marketing Management Lecture ချိန်လေး ကုန်ဆုံးသောအခါ အတန်းထဲမှ ကျောင်းသားများ ဆူညံစွာ ထွက်လာကြသည်။
"နောက်ကျနေပြီဆိုတော့ အခန်းတံခါးလည်း ပိတ်ထားလောက်မှာပဲ မနက်ဖြန်မှ သွားပါလား"
လက်တင်အကအတန်းတွင် ပြန်ရှာကြည့်ရန် ပြင်နေသော ကျွန်တော့်ကို Xiao Jun က လှမ်းပြောလေခြင်းဖြစ်သည်။
"ရပါတယ် ငါခဏသွားကြည့်မလို့.. မင်းပြန်နှင့်လိုက်"
"ပြီးရော ဒါဆိုလည်း ငါ Qian Kun တို့နဲ့ ဂိမ်းသွားဆော့တော့မယ်"
YOU ARE READING
Don't say No!
Fanfiction"မချစ်ဘူးလို့ မငြင်းချင်စမ်းပါနဲ့ ကောကောရယ်.. ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ကောကောရဲ့ မျက်နှာထားလေးနဲ့ ထိန်းမရအောင် ကျယ်လောင်နေတဲ့ ရင်ခုန်သံတွေက ဒီလောက်သိသာနေတာတောင် မချစ်ဘူးလို့ ငြင်းချင်သေးတာလား" "မချစ်ဘူး Li Yongqin ငါမင်းကို မချစ်ဘူး..ငါက တစ်မိုးအော...