တုန်ခါနေတဲ့ဖုန်းက တီးလုံးသံက မနက်မိုးလင်းပြီဆိုတာကို အချက်ပေးနေတာကြောင့် မျက်လုံးမှိတ်လျက်သားပင် ဖုန်းကိုလှမ်းယူပြီး ပိတ်လိုက်သည်။ညကပြန်ရောက်တာနောက်ကျပြီး အတွေးများနေတာကြောင့် အိပ်ရေးက အခုထိ မဝသေး။ လေးလံသောမျက်ခွံများကို မဖွင့်နိုင်သေးတာမို့ တစ်ရေးတစ်မော ခဏအိပ်ရန် ဆုံးဖြတ်လိုက်သည်။
မနက်ပိုင်းအတန်းချိန်ဟာ သိပ်အရေးမကြီးတဲ့ ဘာသာရပ်မို့ အိပ်ချင်စိတ်ကို အလိုလိုက်ကာ ထိုအတန်းကိုမတက်တော့ဖို့ပဲ တွေးထားလိုက်သည်။ မှီရင်တက်မယ်။ မမှီရင် မတက်ဘူး။ သို့သော် ခေါင်းထဲ ဗြုန်းကနဲ ရောက်လာသည်ကတော့ Li Yongqin ကို Bubble Tea သွားပို့ရမည်ဆိုတာပင်။ မနက်ပိုင်း သွားပို့ရမယ့်တာဝန်က တကယ်မသေး။
အိပ်မှုန်စုတ်ဖွားဖြစ်နေရာက Bubble Tea အကြောင်း ခေါင်းထဲဝင်လာတော့ မျက်ဝန်းအစုံဟာ ပြူးကျယ်ကာ ချက်ချင်း ကုတင်ပေါ်မှ ထထိုင်လိုက်သည်။
"နေပါဦး သူကတောင် ငါ့ကို ပြောင်သလိုလို နောက်သလိုလိုနဲ့ပြောတတ်သေးတာ.. ငါက ဘာလို့ အခုထိ အဲ့လောင်းကြေးကို အတည်မှတ်ပြီး သွားပို့နေရမှာလဲ.. မပို့ဘူး... သေတောင်မပို့ဘူး"
ကုတင်ပေါ်မှာ စောင်ကိုပတ်ထားလျက် ပုံ့ပုံ့လေးထိုင်ကာ တစ်ယောက်တည်းစကားပြောနေသည့်သူ့ကို ရေချိုးခန်းထဲမှ ထွက်လာတဲ့ အခန်းဖော် Xiao Jun က အထူးတဆန်းကြည့်နေသည်။ Xiao Jun မျက်လုံးထဲတော့ အလွန်တည်ငြိမ်တဲ့ သူ့သူငယ်ချင်းကြီးက အခုများတော့ဖြင့် တစ်ယောက်တည်းတောင် စကားပြောတတ်နေပြီဟူ၍ ထင်နေသည်။
"ဘာတွေပြောနေတာလဲ"
"ဟမ်.. အာ.. ငါ.. သီချင်းဆိုနေတာပါ"
"ဖွီး..."
ရေသောက်နေရင်း Yang စကားကြောင့် ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ပဲ ရယ်မိတော့ ပါးစပ်ထဲက ရေများဟာ ရေပန်းလို ပန်းထွက်ကာ နံရံကို စင်ကုန်သည်။ အောက်မှ စာအုပ်အထပ်ပေါ်လည်း အနည်းငယ် ဖိတ်ကျလို့။ သို့သော် စာအုပ်ကို အလေးမထားတဲ့ Xiao Jun ကတော့ သီးနေတဲ့ကြားမှ ဗိုက်ကိုနှိပ်ကာ ရအောင်ရယ်နေသေးသည်။
YOU ARE READING
Don't say No!
Fanfiction"မချစ်ဘူးလို့ မငြင်းချင်စမ်းပါနဲ့ ကောကောရယ်.. ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ကောကောရဲ့ မျက်နှာထားလေးနဲ့ ထိန်းမရအောင် ကျယ်လောင်နေတဲ့ ရင်ခုန်သံတွေက ဒီလောက်သိသာနေတာတောင် မချစ်ဘူးလို့ ငြင်းချင်သေးတာလား" "မချစ်ဘူး Li Yongqin ငါမင်းကို မချစ်ဘူး..ငါက တစ်မိုးအော...