Ch-27

188 18 5
                                    

ထိုးကိုက်နေတဲ့ခေါင်းကို ဖိကိုင်ရင်း အိပ်ခန်းထဲမှ အလျင်စလိုထွက်ကာ ဧည့်ခန်းပေါ်ရှိစားပွဲနားကို လာလိုက်သည်။ အကိုက်ခဲပျောက်ဆေး နောက်တစ်လုံးထပ်သောက်ရန် လိုနေတဲ့ အနေအထားကြောင့် ခေါင်းတွေမူးနောက်နေတဲ့ကြားကပဲ အားတင်းကာ ဖြည်းဖြည်းချင်းဆီ လျှောက်လာသည်။

သို့သော် ဧည့်ခန်းထဲမှာ ခြေချိတ်ပြီး ဇ်ိမ်ကျစွာထိုင်နေတဲ့ Johnny ကို တွေ့လိုက်ရတော့ နေမကောင်းနေတဲ့ကြားကပဲ သူ့နားသွားကာ အင်္ကျီစကိုဆွဲလိုက်သည်။ ယိုင်ထိုးကာလျှောက်လာတာကိုမြင်တော့ Johnny ကသူ့ကိုလက်ညှိုးထိုးပြီး လှောင်ရယ်ရယ်နေသည်။ ခေါင်းကိုက်နေလို့ မျက်မှောင်ကြုတ်ထားရာကပဲ အကြည့်စူးစူးတွေနဲ့ Johnny ကို မော့ကြည့်လိုက်သည်။

"ဟားဟား.. ဘာလဲ.. ဟိုကောင်မရှိတာနဲ့ ရောဂါက ပြန်ထလာပြီလား ဟုတ်လား.."

"ခင်ဗျားဘာလုပ်ထားတာလဲ.. သူ့ကို ဘာတွေသွားပြောထားတာလဲ.."

"ဟားဟားဟား..."

သူ့ပုံစံကိုကြည့်ပြီး ခေါင်းမော့ကာ အားပါးတရရယ်နေတဲ့ Johnny ရဲ့ အမြင်ကတ်စရာမျက်နှာကို ကောက်ထိုးလိုက်ချင်ပေမယ့် အားမသာသလို ထိုးကိုက်နေတဲ့ခေါင်းကြောင့် အမြင်အာရုံတွေဟာလည်း ကြည်လင်မနေခဲ့။

​ဆွဲထားတဲ့အင်္ကျီစကို ဆောင့်လွှတ်လိုက်တော့ Johnny နောက်ကို ခြေတစ်လှမ်းလောက်ဆုတ်သွားသည်​။ စားပွဲနားကို အားယူလျှောက်လာပြီး ဆေးဘူးလေးကိုယူကာ ဆေးတစ်လုံးထုတ်ပြီး လျင်မြန်စွာ သောက်လိုက်သည်။ ထို့နောက် ဘေးရှိဆိုဖာမှာ ထိုင်ကာ မျက်ဝန်းတွေကို မှိတ်ချရင်း ခေတ္တအနားယူမိသည်။

"မင်းကမျက်စိမှိတ်ထားတော့ ဒီအလှတရားကို မမြင်နိုင်တော့မှာ ငါနှမြောမိသား...."

Johnny စကားကြောင့် မျက်ခွံတွေကိုလှန်ကာကြည့်လိုက်တော့ သူ့ဆီကမ်းပေးလာတဲ့ ဖုန်းထဲမှာမြင်နေရတဲ့ Yang ရဲ့ လှုပ်ရှားနေတဲ့ ပုံရိပ်။ ဝေဝါးနေတာကြောင့် သေချာယူကြည့်မိမှ သူတို့နှစ်ယောက်အတူအိပ်ခဲ့တုန်းက ပုံရိပ်တွေကို ဗီဒီယိုရိုက်ကူးထားခြင်းဖြစ်နေသည်​။

Don't say No!Where stories live. Discover now