Ch-21

162 17 10
                                    

ဆွဲဖက်ခံထားရတဲ့ လက်ကို အားနဲ့ဖယ်နေရတာ ကော်နဲ့ကပ်ထားတဲ့ စတစ်ကာတစ်ခုကို ခွာနေရသလို အတော်နဲ့ ဖယ်မရ။ အားကုန်သုံးပြီး ဆောင့်ကန်ချလိုက်တော့ ကုတင်ပေါ်က ဘုတ်ကနဲပြုတ်ကျသွားတဲ့ အဝတ်အိတ်လေးလို စောင်နဲ့ပတ်ပြီး လုံးလုံးလေး။ အိပ်မှုန်စုတ်ဖွားမျက်နှာနဲ့ ရှုံ့မဲ့ကာ သူ့ကိုမော့ကြည့်နေတဲ့ စောင်ပုံထဲက လီယုံချင်းက အအိပ်ပုတ်တဲ့ ကြောင်ဆိုးလေးလိုပါပဲ။

ပါးစပ်ကလည်း တကျွတ်ကျွတ်နဲ့အော်နေပြီး သူ့ဗိုက်သူပြန်ကိုင်ကာ မျက်နှာငယ်လေးနှင့် ကြည့်လာပြန်သည်။ အံ့ဩမှုကြောင့် Yang ကတော့ ဘာမှမပြောနိုင်ပေမယ့် လီယုံချင်းအပေါ် စိတ်ဆိုးဒေါသထွက်နေတာတွေက ကျန်နေသေးတာကြောင့် အကြည့်လွှဲကာ အိပ်ရာပေါ်မှ ထလိုက်သည်။

"မင်းဘယ်လိုလုပ် ငါ့ကုတင်ပေါ်ရောက်နေတာလဲ"

ဘေးကုတင်ကိုကြည့်လိုက်တော့လည်း သူ့အခန်းဖော် Xiao Jun ကမရှိတော့။ ညကလည်း နောက်ကျမှ အိပ်ရဲ့သားနဲ့ ဘယ်လိုလုပ်ပြီးများ အစောကြီးနိုးပြီး ထွက်သွားနိုင်ရပါလိမ့်ဟုတွေးမိသည်။

"ညက Xiao Jun ခေါ်လာတာ"

ဪ...ခွေးကောင်က အခုမှ ငါ့ရှေ့မှာ သူတော်စင်လို လာလုပ်ပြနေတာပါလား... :') ခွေးစုတ်ကောင် Xiao Jun ပြန်လာရင် တွေ့မယ် @&#%

သိသမျှ၊တတ်သမျှ ဘာသာစကားပေါင်းစုံနဲ့ စိတ်ထဲကနေ ဆဲလို့ဝပြီဆိုကာမှ အခုထိ သူကန်ထားတဲ့အတိုင်းလေး ကြမ်းပြင်ပေါ်မှာ စောင်ပတ်ပြီး ထိုင်နေတဲ့ လိီယုံချင်းကို မောင်းထုတ်ရန် သတိရသည်။

"အခုချက်ချင်း ငါ့အခန်းထဲက ထွက်သွား.. မင်းကိုငါ မမြင်ချင်ဘူး"

ခွေးမောင်းမောင်းသလို အခန်းပေါက်ကို လက်ညှိုးညွှန်ပြကာ ကျယ်လောင်သောအသံဖြင့် မောင်းထုတ်လိုက်သည်။ ကျယ်လောင်မှုနဲ့အတူ တင်းမာမှုတွေပါ ရောစပ်နေတာမို့ လီယုံချင်းမျက်နှာက ချက်ချင်းပျက်သွားသည်။

"ငါရှင်းပြတာ နားထောင်ပါဦး.. မနေ့က ငါ..."

"ဘာမှလာမရှင်းပြနဲ့.. ရှင်းပြရအောင် မင်းနဲ့ငါက ဘာမို့လို့လဲ.. အခုချက်ချင်းထွက်သွားလို့ပြောနေတယ်နော်.. မဟုတ်ရင် အောက်က လုံခြုံရေးဦးလေးကြီးကိုခေါ်ပြီး မောင်းထုတ်မှာ"

Don't say No!Where stories live. Discover now