Ch-11

130 20 0
                                    

"ဟေ့ကောင်တွေ ငါပြန်လာပြီ"

တံခါးကို ဝုန်းကနဲ ဆောင့်ဖွင့်ကာ Xiao Jun က အထဲဝင်လာသည်။

သူ့ပုံစံမှာ ဘယ်ကောင်မလေးနဲ့ တွေ့လာလို့မှန်းမသိ စပ်ဖြီးဖြီးနဲ့ လန်းဆန်းတက်ကြွလို့နေသည်။

"ခြေအိတ်တွေ မသိမ်းသွားကြဘူး... နံလိုက်တာ.."

သူပြောမှ ကျွန်တော်လည်း အခန်းထဲက လေထုကို အာရုံစိုက်၍ ရှုရှိုက်မိသည်။ တကယ်လည်း အနံ့အသက်က အတော်ဆိုးသည်။ ခြေအိတ်တွေကို တွေ့ကရာ ချွတ်ထားလို့ တစ်ခန်းလုံး အနံ့အသက်က လူတကာ နှာခေါင်းရှုံ့ချင်စရာပင်။

မနေ့ညက ကျွန်တော်တို့ နှစ်ယောက်အခန်းလေးတွင် အတန်းထဲမှ သူငယ်ချင်းအုပ်စုတစ်ချို့က စာအတူလုပ်မယ်ဆိုပြီး လာရင်းကနေ ဂိမ်းဆော့ပြီး မူးရူးကာ အဆုံးသတ်သွားခြင်းကြောင့် ဒီနေ့မနက်မှာတော့ ခြေအိတ်အနံ့တွေ ကျန်ခဲ့ခြင်းဖြစ်သည်။

ခြေအိတ်တွေ ချွတ်ချင်ရာချွတ်ထားပြီး တစ်ခန်းလုံးအနှံ့လည်း ဘီယာဘူးခွံတွေနဲ့မို့ အခန်းတွင်းရှိ လေထုက ကျန်းမာရေးနှင့် တစ်စက်မှ မညီညွတ်ပေ။

"ဟူး"

ဖုန်းမှန်သားပြင်ကို ကြည့်ကာ ဘယ်သူမှ မသိအောင် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပေမယ့် နားပါးသော Xiao Jun က ကြားဖြစ်အောင် ကြားသွားပါသေးသည်။

"ဘာဖြစ်နေတာလဲ Yang Yang.. မင်းမနေ့တည်းက ရုပ်က ချီးပုံတက်နင်းလာတဲ့ ရုပ်နဲ့.."

ဖုန်းမှန်ပေါ်မှာ မြင်နေရတဲ့ Li Yongqin ရဲ့ message တွေကို ဖတ်ပြီး Reply ပြန်ဖို့ စိတ်ကူးမရှိတဲ့ ကျွန်တော့် မျက်နှာအနေအထားကို Xiao Jun က ​ဝေဖန်ပြောဆိုလာသည်။

"ဘာလဲ.. ရည်းစားတွေဘာတွေ ရနေတာလား ဟုတ်လား"

ကျွန်တော့်ဖုန်းထဲက စာတွေကို အနောက်ကနေ လှမ်းဖတ်နေပြီး ပုခုံးပေါ် သူ့လက်ကို တင်ကာ ပြောင်စပ်စပ် ပြောလာသည်။

"ဘယ်ကရည်းစားရမှာလဲ.. ဒါ Li Yongqin ပို့တဲ့စာတွေ.."

သူအထင်လွဲသွားမှာစိုးလို့ ပြောလိုက်မိကာမှ ပိုဆိုးမယ့်အဖြစ်ရောက်မယ်မှန်း ကျွန်တော် မထင်ခဲ့။

Don't say No!Where stories live. Discover now