"ဘာ...ဘာပြောလိုက်တာလဲ"
မျက်ခုံးဖုံးသော ရွှေဝါရောင်ဆံပင်များအောက်မှ စူးစိုက်သောမျက်ဝန်းများသည် Yang မျက်နှာတစ်ခွင်ပြေးလွှားနေသည်။
"ငါပြောတာက...."
ကောင်တာစားပွဲပေါ်လက်ထောက်ကာ ပြုံး၍ကြည့်နေသော Ten က စကားဆက်သည်။
"Bubble Tea ကို Extra Pearl နဲ့တစ်ခွက်လို့ပြောတာ"
"မင်း...."
"ငါ..."
ပိန်သွယ်သောခန္ဓာကိုယ်ပေါ်တွင် အညိုရောင် Apron လေးဝတ်ထားသော Yang က ကောင်တာ တစ်ဖက်မှနေ၍မေးတော့ Ten က သံယောင်လိုက်ကာ ပြန်မေးသည်။
"မင်းက Bubble Tea ကြိုက်တာလား"
"ငါမကြိုက်ပဲနဲ့မှာမယ်လို့ ထင်လို့လား"
"ဟားဟားဟား...ဟုတ်..ဟုတ်တယ်နော်"
သိချင်စိတ်များကို ဟာသအသွင်ဖုံးကွယ်ရယ်မောကာ Yang Yang တစ်ယောက် သူမှာသော Bubble Tea ပြင်ပေးရန်လှည့်ဝင်သွားသည်။
"ဒီဘက်မှာလာရှင်းပေးပါခင်ဗျ...ငွေသားနဲ့လား ကတ်နဲ့လား"
Bubble Tea ဖျော်နေသော Yang Yang ဘေးမှ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းက Ten အား လှမ်းခေါ်ကာမေးလိုက်သည်။
"ကတ်နဲ့ပါ"
ထို့နောက် Ten အကြည့်များက Yang ဆီပြန်ရောက်သွားပြီး ပြုံးရယ်သောမျက်ဝန်းများဖြင့်ပြောသည်။
"အာ...ဒါနဲ့ Yang Yang ပုလဲများများထည့်ပေးဖို့ မမေ့နဲ့နော်"
"အင်း..."
Yang တစ်ယောက် အတွေးများယောက်ယတ်ခတ်ရင်း ခွက်ထဲမှ Bubble Tea များကို ပိုက်ဖြင့်မွှေနေသည်။
မ...မဖြစ်နိုင်ပါဘူး...Qinqin အကြောင်းပြောတာ ကြားသွားလို့များ တမင် Bubble Tea ကို မှာတာလား။
ဒါမှမဟုတ်...
Li Yongqin က Qinqin လား။
သံသယအတွေးများနှင့် ကျွန်တော်သူ့ကို တစ်ချက်လှည့်ကြည့်မိပြန်သည်။
အဖြူရောင် အင်္ကျီလက်ပြတ်ကို ရိုးရှင်းသောအညိုရောင်ဘောင်းဘီနှင့် တွဲဖက်ဝတ်ဆင်ထားသော သူက ကောင်တာဘက်လှည့်ကာ Bubble Tea ကိုစောင့်နေစဉ် ငေးကြည့်နေသော ကျွန်တော့်အကြည့်များနှင့်ဆုံခိုက်။
YOU ARE READING
Don't say No!
Fanfiction"မချစ်ဘူးလို့ မငြင်းချင်စမ်းပါနဲ့ ကောကောရယ်.. ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ကောကောရဲ့ မျက်နှာထားလေးနဲ့ ထိန်းမရအောင် ကျယ်လောင်နေတဲ့ ရင်ခုန်သံတွေက ဒီလောက်သိသာနေတာတောင် မချစ်ဘူးလို့ ငြင်းချင်သေးတာလား" "မချစ်ဘူး Li Yongqin ငါမင်းကို မချစ်ဘူး..ငါက တစ်မိုးအော...