Ch-17

131 19 3
                                    

မျက်လုံးအစုံကို မှိတ်ထားလျက်ပင် သူနဲ့ ဒီည အတူနေပေးပါဟု ပြောနေသာ Li Yongqin စကားကြောင့် ကျွန်တော့် နှုတ်ခမ်း နှစ်လွှာမှာ ပွင့်ဟလျက်သား အံ့သြနေမိသည်။

မှိတ်ထားတဲ့ သူ့မျက်ဝန်းတွေကို ကြည့်မိတော့ ရှည်လျားပြီး ကော့စင်းနေတဲ့ မျက်တောင်ရှည်များကို တွေ့ရသည်။သူ့အသားအရေကလည်း ကြည်လင်ဝင်းလက်ကာ ဖြူဖွေးလှသည်။ သူက ရုပ်ရည်ရော အရည်အချင်းမှာပါ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ဆိုတာ မိနစ်ပိုင်းအတွင်း ကျွန်တော် သတိထားမိလိုက်သည်။ ကံဆိုးတာကတော့ သူက မိန်းကလေးတွေကို စိတ်မဝင်စားတာပဲ။

"ဟမ်...ငါက ဘာလို့..."

"ခေါင်းတွေ အရမ်းကိုက်နေလို့ပါ..."

အကိုက်အခဲပျောက်ဆေးရဲ့ အစွမ်းက မပြသေးပုံပါပဲ။ အခုထိ မျက်လုံးမှိတ်ကာ မျက်ခုံးနှစ်ဖက်ကို မထိရုံတမယ် ကျုံ့ထားပုံအရ သူတော်တော် ခံစားနေရတယ်ထင်တယ်။

"ဒါဆို မင်း အိပ်ပျော်သွားတဲ့ထိပဲ စောင့်ပေးမယ်.. ဟုတ်ပြီလား..."

ခေါင်းငြိမ့်ပြပြီး တစ်ဖက်သို့ စောင်းကာ အိပ်နေလေရဲ့။ ဒီလိုကျတော့လည်း သူက ကလေးလေးနဲ့ တူသလိုလိုပဲ။နေမကောင်းတဲ့အချိန်ဆို ကျွန်တော့် စကားနားထောင်ပြီး သူ့အနားမှာ အမြဲနေစေချင်တာလေးက ငယ်ငယ်က အဲ့ကလေး Qinqin ကို သတိရစေပြန်တယ်။

"အား..."

"Li Yongqin ဘာဖြစ်တာလဲ"

ကျွန်တော့်အတွေးများပင် မဆုံးသေးပဲ ကြောက်လန့်တကြား ထအော်တဲ့ Li Yongqin ကြောင့် ပုခုံးမှ ကိုင်လှုပ်ကာ မေးလိုက်သည်။ ချွေးစီးများကျနေတဲ့ နဖူးပြင်ပေါ်က ရွှေဝါရောင် ဆံပင်တွေဟာ စီးကပ်လို့နေသည်။

"အိပ်မက်ဆိုးမက်တာလား..."

"အင်း..."

သူ့အသံမှာ နှင်းစက်ပေါက်ငယ်များလို အေးစက်နေပြီး မျက်ဝန်းများမှာ အရောင်ဖျော့နေသည်။

"အိပ်မက်ဆိုတာ တကယ် ရှိတာမှ မဟုတ်တာ.. အဲ့ဒါကြောင့် မေ့လိုက်တော့နော်... ငါမင်းအနားမှာ ရှိတယ် ဘာမှမဖြစ်ဘူး ဟုတ်ပြီလား.. အိပ်လိုက်တော့"

Don't say No!Where stories live. Discover now