Ch-19

144 15 10
                                    

ဒဏ်ရာပေါ် ဆေးထည့်နေတဲ့ လက်က လေထုထဲမှာ ရပ်တန့်နေတာကြောင့် ဆေးစက်တွေဟာ ကြမ်းပြင်ထက်ကို တစ်ပေါက်ပေါက်နှင့် ကျဆင်းလို့လာနေသည်။ သူ့အကြည့်တွေကနေ ရှောင်လွှဲလို့ မရတာကြောင့် လေထုထဲကနေ မျက်ဝန်းချင်းဖလှယ်နေမိသည်။ အပြစ်မရှိတဲ့ ဆေးစက်လေးတွေသာ ကြမ်းပြင်ပေါ်မှာ ပြည့်နှက်လို့ တိတ်ဆိတ်တဲ့ အခန်းငယ်ထဲ ဆေးစက်ကျသံလေးများသာ ကြီးစိုးလို့နေသည်။

"ဟမ်...ဘာရတာလဲ"

"ဘာလို့ ထင်လဲ"

"Li Yongqin မင်းဆီမှာ ဘာလို့ အဲ့လောက်တောင် လျှို့ဝှက်ချက်တွေများနေရတာလဲ"

စိုက်ကြည့်နေသော မျက်ဝန်းများကို အနည်းငယ် ရှောင်လွှဲလိုက်ပြီး နှုတ်ဆိတ်နေတာကြောင့် ကိုယ့်မေးခွန်းကိုယ် ရုတ်သိမ်းကာ ဒဏ်ရာပေါ် အမြန်ဆေးထည့်ပေးလိုက်သည်။

"အာ့.."

ဆေးရဲ့အရှိန်နဲ့ ဒဏ်ရာကိုထိတွေ့မိတော့ စပ်ဖျဥ်းဖျဥ်းနာကျင်မှုက တိုးဝင်လာတာမို့ အသံသဲ့သဲ့လေးထွက်လာသည်။ ဂွမ်းစနဲ့ ပေရေနေတဲ့ ဒဏ်ရာဘေးက ဆေးတွေကို သုတ်ပေးလိုက်တော့ လိမ္မာတဲ့ ကြောင်ပေါက်လေးလို ငြိမ်ခံနေရှာသည်။

"Yang.."

ရွယ်တူချင်းကို လပိုင်းပဲငယ်တယ်ဆိုပေမယ့် တစ်ခါတစ်ရံ ငယ်ငယ်ကလို ချွဲပြီး ကောကောလို့ ခေါ်တတ်ပြီး တစ်ခါတစ်ရံ သူ့နာမည်တစ်လုံးထဲကိုသာ အဖျားစွတ်ခေါ်တတ်သည်။ ဘယ်လို ခေါ်ခေါ် သူငယ်ချင်း ရွယ်တူတွေပဲမို့ မင်းနဲ့ငါလို့သာ အမြဲပြောလေ့ရှိသည်။ သို့သော် သူ့ဘက်က ဘယ်လိုပဲရင်းနှီးအောင် ခေါ်ခေါ် Yang ကတော့ အမြဲ သူ့ကို Li Yongqin လို့သာ နာမည်အပြည့်အစုံခေါ်တတ်သည်။ 

"ဟမ်"

ဆေးထည့်ပေးနေတဲ့ လက်ကို လက်ဖမိုးကနေ အုပ်မိုးကိုင်လိုက်ပြီး သူ့နာမည်ကို ငြင်သာစွာ ခေါ်နေတဲ့ ကြောင်ပေါက်လေးပါပဲ။ မျက်ဝန်းညိုတွေနဲ့ စိုက်ကြည့်နေရင်း အဓိပ္ပာယ်မမည်တဲ့ အပြုံးတစ်ခုကို နှုတ်ခမ်းပါးထက် ဖန်ဆင်းထားလျက်ရှိသည်။

"ငါမင်းကိုချစ်တယ်"

သူနာကြားမှားတာများလား။ Li Yongqin က သူ့ကို ချစ်တယ်လို့ ပြောလိုက်တာတဲ့လား။ ထိုးလိုက်တာ မျက်နှာပါ။ ဦးနှောက်ပါ ထိသွားတာများလား။ တကယ်သာ ဦးနှောက်ထိသွားတာမှန်ရင် သူအပြစ်မလွတ်ပဲ ထောင်ထဲသွားရမှာ သေချာသည်ဟု တွေးပူပြီး ကျောချမ်းလာမိသည်။ အဖေဖြစ်သူကလည်း ရဲအုပ်ဖြစ်တာကြောင့် ဒေါသထွက်နေမည့် သူ့အဖေ မျက်နှာကို မြင်ယောင်မိရင်း ကြောက်လွန်းလို့ ဒူးပင်တုန်လာသည်။

Don't say No!Donde viven las historias. Descúbrelo ahora