Ch-18

129 15 10
                                    

အခုဆိုရင် Li Yongqin ကို Qinqin ဆိုပြီး သိလာခဲ့တာ တစ်ပတ်ကျော်ပင်ရှိပြီဖြစ်သည်။ တစ်ပတ်လုံး သူ့ကို ဒီအကြောင်းဖွင့်မပြောခဲ့သလို တတ်နိုင်သမျှ ရှောင်ဖယ်နေခဲ့သည်။ Li Yongqin ကတော့ အမြဲ Yang ကို အရိပ်တကြည့်ကြည့်နှင့် အချိန်ရရင်ရသလို အနားမှာ ကြောင်လေးတစ်ကောင်လို ပွတ်သီးပွတ်သပ်နှင့်နေတတ်သည်။

ခရစ်စမတ်နီးလာတာနဲ့အမျှ အအေးဓာတ်က ပိုတိုးလာသလို ရာသီဥတုက ပို၍ပင် ခြောက်သွေ့လာကာ လမ်းမတစ်လျှောက် နှင်းတစ်ဖွဲဖွဲနှင့် လေစိမ်းများက သူတို့ စိတ်ကြိုက် တိုက်ခတ်ကြီးစိုးနေသည်။ Yang တစ်ယောက် ကုတင်ပေါ်တွင် စောင်အထူ တစ်ထည်ကို ပတ်လျက် ခြုံထားပြီး ကွေးကွေးလေးအိပ်နေသည်။ ထိုစဥ် ဖုန်းတကောလ်ဝင်လာတာကြောင့် သူ၏အိပ်ချိန်များ ပျက်ချင်းမလှပျက်သွားရတော့သည်။

"ဟေ့ကောင် မင်းမလာသေးဘူးလား"

အချိန်အားဖြင့် ည၈နာရီပင် ဖြစ်သည်။ အတန်းစောစောပြီးတာမို့ အဆောင် ပြန်ရောက်ကတည်းက အိပ်ကောင်းကောင်းနဲ့အိပ်ပျော်သွားသည်မှာ ၈နာရီပင် ထိုးနေပြီဖြစ်တာကို Xiao Jun သာ ဖုန်းမဆက်ခဲ့ရင် လေ့ကျင့်ချိန် နောက်ကျမှာကို မသိပဲ ဆက်အိပ်နေဦးမှာပင်ဖြစ်သည်။

အိပ်ရာပေါ်မှ ကမန်းကတမ်းထထိုင်ပြီး အနွေးထည်ကိုယူကာ သူတို့လေ့ကျင့်ရမယ့် ခန်းမကြီးရှိရာဆီ အမြန်ပြေးထွက်လာရသည်။ သူ့ရဲ့ ကို့ရို့ကားယားပုံစံကို Li Yongqin ကို မမြင်စေချင်သော်လည်း အခုတော့ လူအများရှေ့မှာ အတန်းနောက်ကျလို့ ဝိုင်းကြည့်နေကြမယ့် အကြည့်တွေကိုပင် လာရာလမ်းတစ်လျှောက် မြင်ယောင်နေမိသည်။

အနွေးထည်ကို ဖြစ်သလို ဝတ်ကာ ပြေးနေသော ခြေလှမ်းများကို ရပ်တန့်ပြီး ခန်းမထဲကို သုတ်ခြေတင်ကာ ဝင်လာသည်။ ထင်ထားတဲ့အတိုင်း နောက်ကျတဲ့သူ့ကို လူအများက ဝိုင်းကြည့်လို့နေကြသည်။ မျက်လုံးကို ဝေ့ဝဲကြည့်ပြီးရှာလိုက်တော့ ထိုအထဲတွင် Li Yongqin မပါ၍ အနည်းငယ်တော့ စိတ်သက်သာရာရသွားသည်။ သက်ပြင်းမောတစ်ချက်ကို ပါးစပ်မှ ဟူးခနဲနေအောင် မှုတ်ထုတ်လိုက်ချိန် မျက်စိရှေ့ရောက်လာသော ရေသန့်ဘူးလေးတစ်ဘူး။ ရေသန့်ဘူးကို ကိုင်ထားသည့် ဖြူဖွေးဖွေးလက်ချောင်းများကို မော့ကြည့်လိုက်တော့ ပြုံးရယ်သော မျက်ဝန်းညိုများဖြင့် သူ့အားကြည့်နေသည့် Li Yongqin ကို တွေ့လိုက်ရသည်။

Don't say No!Donde viven las historias. Descúbrelo ahora